Friday, April 15, 2011
သွေးစစ်သင့်မစစ်သင့် နဲ့ သွေးဘယ်မှာ စစ်ရမလဲ
Delete
ဟုတ်ကဲ့ အရင်ဆုံး မေးချင်ပါတယ်...
တီချမ်းရေ...
မိမိကိုယ်ကို သံသယရှိမိတယ်ဆိုရင်ပေါ့နော်.. ရန်ကုန်မှာဆိုရင် ဘယ်နေရာတွေမှာ သွေးစစ်လို့ရနိုင်ပါသလဲပေါ့.. ကျွန်တော်တို့လဲ အနည်းအကျဉ်းသိထားပေမယ့် မသိသေးတဲ့ ညီမငယ်မောင်ငယ်တွေအတွက်ပေါ့... ရန်ကုန်တင်မဟုတ်ပဲ ဖြစ်နိုင်မယ်ဆိုရင် တိုင်းနှင့်ပြည်နယ်အလိုက်မြို့ကြီးတွေ့ သွေးစစ်နိုင်မယ့်နေရာတွေ မျှဝေပေးချင်ပါတယ်....
Delete
ဟုတ်ကဲ့ ကိုမျိုး ကို အရင်ဖြေပေးရမယ်ဆိုရင်
သံသယ ရှိတယ် ဆိုတာ ဘာလဲပေါ့နော် အရင်ဆုံး သံသယ ရှိမယ် ဆိုရင် သံသယ ရှိလောက်စရာ ကိုယ် “တကယ်” တခုခု လုပ်ခဲ့မိပြီလား ဆိုတာ အရင် ဆန်းစစ်စေချင်ပါတယ် ဘာလို့လဲဆိုတော့ တကယ် ဘာမှ မဖြစ်ခဲ့ပဲ အလကား သက်သက် စိတ်မပူနေစေချင်ဘူးလေ
ကဲ အဲ့တာတွေမပြောခင် အရင် ဂျင်နရယ် ဗဟုသုတ အနေနဲ့ ဒါလေးတွေသိထားဖို့လိုပါတယ်။ HIV 101 ပေါ့နော်။ အဲ့တာတွေကတော့
အဓိက HIV ကူးစက်နည်း ၃ မျိုး
1. သွေးမှ တဆင့်ကူးစက်တာ (ပိုးရှိတဲ့သွေးသွင်းမိတာမျိုး၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် အတူ သုံးစွဲတာမျိုးကနေအဓိက ကူးပါတယ်)
2. အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ကနေ ကူးပါတယ် (လိင်တူ၊ လိင်ကွဲ နှစ်မျိုးစလုံးပါ)
3. မိခင်မှ တဆင့် သန္ဓေသား ကို ကူးစက်တာ က တမျိုးပါ။
HIV ကူးစက်စေနိုင်တဲ့အခြေအနေ ၄ မျိုး နဲ့ ပိုးပါတဲ့ အရည်တွေ
1. HIV ပိုးဟာ ပိုးရှိတဲ့သူရဲ့ ခန္ဓာထဲကနေအရည်တခုခု အနေနဲ့ ထွက် လာရပါမယ်
2. ပြီးတော့ အဲ့ဒီ ထွက်လာတဲ့အရည်တွေမှာကူးစက်နိုင်ဖို့ လုံလောက်တဲ့ ပိုး ပမာဏ ကွမ်တတီ ပါရမှာဖြစ်ပါတယ်။ ဆိုလိုတာက ပိုးရှိတဲ့သူ ရဲ့ ခန္ဓာက ထွက်လာတဲ့ အရည်သည် လုံလောက်တဲ့ ပိုးပမာဏ ကို ထိန်းထားနိုင်တဲ့ အရည်မျိုးဖြစ်ရပါမယ်။ ဥပမာ…သွေး၊ သုက်၊ သုက်ရည်ကြည်၊ မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့ မိခင်နို့တို့ဖြစ်ပါတယ်။ ကျန်တဲ့အရည်တွေမှာ ကူးစက်နိုင်စေလောက်တဲ့ ပမာဏရှိတဲ့ပိုးမပါလာနိုင်ပါဘူး။ အဲ့တာကြောင့် လေကုန်ခံပြီး ချွေး၊ တံတွေး စတာတွေကို မပြောတော့ပါဘူး။
3. နောက်ပြီးတော့ အဲ့လို အရည်တခုခုနဲ့ထွက်လာတဲ့ပိုးတွေဟာ ခံနိုင်ရည် ကွာလတီ ရှိရပါမယ်။ HIV ပိုးဟာ ခန္ဓာ ပြင်ပ မှာဆိုရင် အင်မတန်မှနုပါတယ်။ လေသလပ်တာခံရတာနဲ့တင် သေနိုင်ပါတယ်။ သူတို့ အသက်ရှင်ရပ်တည်ဖို့က ကိုယ်ခန္ဓာ အပူချိန်နဲ့ အခြေအနေ လိုပါတယ်။ ဥပမာ အပြင်ကိုရောက်လာတဲ့သွေးတစက်ဆိုရင် လေသလပ်လို့ချက်ချင်း ခြောက်သွားနိုင်ပါတယ်။ အဲ့တာဆိုရင် အဲ့မှာပါတဲ့ HIV ပိုးတွေဟာ ချက်ချင်းသေသွား နိုင်ပါတယ်။ သွေးပမာဏပေါ်တော့မူတည်တာပေါ့လေ။ ဒါပေမယ့် များသောအားဖြင့် က ချက်ချင်းလိုလိုသေပါတယ်။ နောက် တခြား အခြေ အနေတွေ…ဥပမာ ခံတွင်းထဲ က တံတွေးမှာပါတဲ့ အက်ဆစ်ဓါတ်တမျိုး ကလဲ ပိုးကို ခံနိုင်ရည်ကျစေနိုင်သလို ကျတော်တို့ အစာအိမ်ထဲမှာ ရှိတဲ့ အစာချေရည် အက်ဆစ်တမျိုးကလဲ HIV ကိုသေစေနိုင်ပါသတဲ့။ အဲ့တော့ ပါးစပ်နဲ့လိင်ဆက်ဆံတာမျိုး၊ သုက်ရည်မြိုချတာမျိုး၊ နှုတ်ခမ်းချင်းတေ့စုပ်ပြီး နမ်းတာမျိုးတွေကနေမကူးနိုင်ဘူးဆိုတာရှင်းပါလိမ့်မယ်။
4. နောက်တခုကတော့ ခုနက ပိုးရှိတဲ့သူ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အဲ့ဒီပိုးပါတဲ့အရည်တွေဟာ နောက်တယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင် ရပါမယ်တဲ့ လမ်းကြောင်းပေါ့ အဲ့တာလိုပါတယ်။ ဒီမှာ တခု ဖြေရှင်းချင်တာက ခုနက ပြောတဲ့ တံတွေးနဲ့ မျက်ရည် ချွေး စတာတွေမှာပိုးမပါဘူးလို့ပြောခဲ့ပါတယ်။ အမှန်ကတော့ အလွယ်ပြောတာပါ။ ပိုးက ပါပါတယ် ဒါပေမယ့် အချက် ၂ နဲ့ ၃ ကိုမကျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာ တံတွေးထဲမှာပါတဲ့ ပိုးပမာဏ က နောက်လူကို HIV ပိုးကူစက်စေနိုင်ဖို့ဆိုရင် အဲ့ဒီလူထဲကို ဝင်ဖို့က ဂါလံနဲချီပြီးလိုပါသတဲ့။ အဲ့တော့ လူတယောက်က တံတွေးလို ချွေးလို မျက်ရည်လို အရာမျိုးက ဂါလံနဲ့ချီပြီး ထုတ်လုပ်နိုင်ပါသလား၊ ပြီးတော့ နောက် လူတယောက်ရဲ့ ကိုယ်ထဲကိုလဲ အဲ့လို ဂါလံနဲ့ ချီတဲ့ အရည်တွေဝင်ဖို့ လမ်းကြောင်းရှိပါသလား။ မရှိနိုင်ဘူးဆိုရင်ရှင်းပါပြီနော်။ အဲ့တာကြောင့် အဲ့ဒီအရည်တွေမကူးနိုင်လို့ စကားထဲထည့်မပြောကြတာပါ။ ဒါပေမယ့် သွေး၊ ဒါမှမဟုတ်ခုန က အပေါ်မှာ ပြောခဲ့တဲ့ အရည်တမျိုးမျိုးဆိုရင်တော့ တစက်ကလေးမှာတောင် ကူးစက်ဖို့ လုံလောက်တဲ့ပိုး အရည်းအသွေးကော အရည်အတွက်ကော ရှိပါသတဲ့။ ပိုရှင်းအောင် အောက်မှာ English လိုကြည့်ကြည့်လိုက်နော်။ အတိုကောက်ကိုတော့ ESSE ဒါမှမဟုတ် QQR လို့မှတ်လို့ရပါတယ်။
Four Conditions for HIV Transmission
1. Virus must EXIT the body it occupies (ROUTE)
2. There is SUFFICIENT quantity of HIV (QUANTITY)
  • spinal cord fluid, blood, seminal fluid, vaginal fluid & breast milk
  • NOT saliva, tears, sweat, urine, stool
3. Virus must SURVIVE (QUALITY)
  • HIV cannot live outside the human body & is easily destroyed (e.g., acid in stomach)
4. Virus must ENTER the other person’s blood stream directly (ROUTE) thru:
  • Unprotected penetrative sex
  • Blood to blood – e.g., using same injection equipment
  • From mother to baby
အဲ့တော့ လူတယောက်ကနေ နောက်လူတယောက်ကို HIV ကူးစက်နိုင်ဖို့အတွက်က အဲ့ဒီအချက် ၄ ချက်စလုံးသေချာပြည့်စုံမှန်ကန်မှ ဖြစ်နိုင်ပါသတဲ့။ တချက်ချက်နဲ့ လွဲနေရင် မကူးနိုင်ပါဘူးတဲ့။ တခု သတိထားဖို့ရှိတာက အဲ့ဒီလူက ကိုယ့်ကို အမှန်ပြောမပြောဆိုတာပါပဲ။ လူတွေက ခေါင်းရိတ်တဲ့ဓါးကနေ ကူးလာတယ်၊ သွားစိုက်ဆိုင်ကနေ ကူးလာတယ်။ ပိုးရှိတဲ့လူရဲ့ ပစ္စည်းသုံးမိလို့ကူးလာတယ် စသဖြင့် ပြောတတ်ကြပါတယ်။ ခုနကပြောတဲ့ အချက် ၄ ချက်နဲ့နိုင်းယှဉ်စဉ်းစားပါ။ ဥပမာပေးမယ်… ဓါးကနေတဆင့်ကူးတယ် အိုကေနော်… English လို reality check လို့ခေါ်ပါတယ်… လူတယောက်က မုတ်ဆိတ်ရိတ်တယ်ပေါ့ ဓါးရှတယ်ပေါ့ ပြီးရင် ဘာလုပ်ပါသလဲ…ရေမဆေးဘူးလား။ နောက်လူတယောက်က ကော ချက်ချင်း လာသုံးသလား….“ဟား ဟိုကောင်ရိတ်သွားတယ် ဓါးမှာသွေးတွေနဲ့ အပိုင်ပဲ ငါလဲရိတ်လိုက်အုံးမှ” လို့ဘယ်နှယောက်ကများ လုပ်မလဲ စဉ်းစားကြည့်ကြပါနော်။ အဲ့လိုပဲ ကဲ ပထမလူက မဆေးဘဲထားခဲ့တယ် ပဲထားပါတော့ ခုနကပြောခဲ့တယ်လေ လေသလပ်တာနဲ့ သွေးခြောက်ရင် HIV ကသေပါတယ်လို့ အင်မတန်နုတဲ့ပိုးလေးပါ။
နောက် နည်းနည်းထပ်ဆွေးနွေးရမယ်ဆိုရင် တီတို့ရဲ့ body defense mechanism ခန္ဓာဗေဒရဲ့ အလိုအလျောက်တုံ့ပြန်မှုစနစ် (အင်း အီးလိုပြောရတာ ပိုလွယ်တယ် မြန်မာလိုက ရှင်းရခက်တယ်) က ဥပမာ လက်ကို ဓါးရှတယ်ဆိုပါတော့... လက်က ဥပမာနော် ဘယ်နေရာပဲဖြစ်ဖြစ်ပါ။ ဘယ်လိုဖြစ်လဲ….သွေးက ငှောက်တောက် ပန်းထွက်တာမှလား… ကဲခုနပြောတဲ့ ဥပမာကိုပဲ ပြန်ကောက်မယ်နော် အရင်လူက ဓါးရှတယ်၊ သူ့မှာကလဲ ကံဆိုးစွာပဲ ပိုးရှိတယ်။ ကို့ကိုလဲထပ်ရှတယ်။ ကဲ အချက်၎ချက်နဲ့ ချိန်ကြည့်ရအောင် ပထမ ၃ ချက်မကိုက်ဘူးလား။ ကိုက်နေပါတယ်နော်.
ဒုတိယ နဲ့ တတိယ အချက်တွေ ကော ကိုက်လား သွေး ဆိုတော့ ကွာလတီ ကော ကွန်တတီ ကော ကိုက်တယ် လို့ ပဲ ပြောပါမယ် နော် အဲဒါပေမယ့် နောက်ဆုံးအချက်လေ ကိုယ့်ဆီကသွေးကလဲ ပန်းထွက်လာတာလေ ပန်းဝင်သွားမှ မဟုတ်တာ။ အဲ့တာဆိုရှင်းမယ်ထင်ပါတယ်နော်။ တီ့စာဖတ်ရင် လူလည်ချည်းပဲပေါ့။ ဒီလောက်ပြရင် အကုန်မြင်လောက်ပြီနော်။
တခုတော့ ရှိတယ် သွေးသွင်းတာတို့ မူးယစ်ဆေးထိုးတာတို့မှာသုံးတဲ့အပ်က အခေါင်းပေါက်ပါတယ် အဲ့ဒီအခေါင်းကလဲ လေမခိုနိုင်အောင် လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဒီမှာ ကပ်ကျန်နေတဲ့ပိုးဆိုရင်တော့ အချိန်တော်တော် ကြာတဲ့အထိ အသက်ရှင်နိုင်ပါတယ်။ သူ့မှာ ကိုယ်ခန္ဓာ အပူချိန်မရှိပေမယ့် လေမဝင်နိုင်တဲ့အတွက် သွေးပမာဏ အလျောက် အပ်က ထိန်းပေးထားနိုင်တာကိုး။ နောက် နမ်းတာကနေကော ကူးမလား စဉ်းစားကြည့်ရအောင်… လူတယောက်က နေ ပိုးကထွက်လာရပါမယ်။ အရည် ဘာအရည်လဲ။ ဘယ်သူကများ ဟယ်သွေးတွေနဲ့ ပါးစပ်ကြီး လာနမ်းလိုက်ကြစို့ လို့များရှိသလား အဲ twilight light တို့ new moon saga တို့ထဲက ဒရက်ကူလာ Robert Pattinson ဆိုရင်တော့ တီလဲပြောတတ်ဘူး။ ရောဘတ် ပက်တီစန် နဲ့ဆိုရင်တော့ တီဆိုရင်လဲ ထပ်ကူးမယ်ဆိုရင်တောင် အကြိမ်တထောင်ကူးဝံ့တယ်လို့ပဲ ပြောချင်တယ်
တခု ထပ်ပြောပါမယ် စကားမကျန်အောင်ပါ။ တီခုပြောနေတာာ HIV အကြောင်းနော်။ တခြား ကာလသား STIs/STDs (Sexually Transmitted Infections/Diseases) တွေမပါဘူးနော်။ အဲ့တော့ HPV B တို့ HPV C တို့စတဲ့ အသည်းရောင် အသားဝါ ပိုးတွေ တခြား ဆစ်ဖလစ် ဘာညာ တွေမပါပါဘူး။
အဲ့တော့ ……ခုနက စကားကို ပြန်ဆက်ပါမယ် ကိုယ့်ကိုကိုယ် သံသယ ရှိရင် ဆိုရင် ခုန က ပြောတဲ့ အချက်တွေထဲ က တခုခု နဲ့ ကိုက်မကိုက် အရင် ကိုယ့်ဘာသာ ဆန်းစစ်ကြည့်ပါ မလိုအပ်ဘဲနဲ့ စိတ်မပူစေချင်ပါဘူး
အခုဟာကတော့ အခြောက် ဆိုက်ဆိုတော့ တီက ပွင့်ပွင့် လင်းလင်း ပဲ ဖြေပေးပါမယ်နော်
အဲ ကွန်ဒုံး မပါဘဲ ခံမိ ပို့မိ ပြီဆိုရင်တော့ သေချာတယ် အန္တရာယ်ရှိနိုင်ပြီ အဲ့တာဆိုရင်တော့ စစ်ဆေး ရပါမယ်
အဲ့တာဆိုရင် ခုန က ကိုမျိုးမေးတဲ့ ဘယ်နေရာတွေမှာ စစ်ရမလဲဆိုတာ ကိုဖြေပါမယ်
တီလဲ မြန်မာပြည် နဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဆိုတော့ နည်းနည်းတော့ အင်ဖော်မေးရှင်း လွှဲနိုင်ပါတယ် ထပ်ပြီးတော့ သေချာမေးပြီး ရီကွန်ဖန်း လုပ်ပေးပါမယ်
ခုလောလောဆယ် သေချာ သိတာတွေကတော့
  1. နယ်စည်းမထား ဆရာဝန်များ ရဲ့ အေဇက်ဂျီ သဇင် ဆေးခန်းတွေ မှာ ရပါတယ် တီသိသလောက် ၁) လှိုင်သာယာ ၂) အင်းစိန် ဖော့ကန် ၃) သာကေတ ၄) သူတို့ နယ်စည်းမထား ရုံးချုပ် သံလွင်လမ်း (အောင်မင်းခေါင် လမ်း) အဲ့မှာတော့ သွေးစစ်ပေးမပေး သေချာမသိပါ ၅) ရွှေပြည်သာ ၆) တောင်ဥက္ကလာ ၇) ကမ္ဘာအေး နားမှာ လဲ တခုရှိပါတယ်
  2. နောက်တခုက တချို့ ပုဂ္ဂလိက ဆေးခန်း လေးတွေကလဲ သဇင် နဲ့ ဆက်ထားတာလေးတွေ ရှိပါတယ် သူတို့ အဓိက ကတော့ ကာလသား ကုပေးတာပါ အဲ့ကနေမှ တဆင့် သွေးစစ်ချင်တယ်ဆိုရင်တော့ နှစ်သိမ့်ဆွေးနွေး တာလဲ ရနိုင်မယ့် သွေးလဲစစ်ပေးနိုင်မယ့် သူတို့ ဆေးခန်းခွဲတွေ ဒါမှမဟုတ် PSI ကဖွင့်ထားတဲ့ အရင် နေ ဆေးခန်းခွဲတွေက QC ရှိတဲ့ နေရာ တွေ ကို ညွှန်ပေးနိုင်ပါတယ်
  3. အမ်ဒီအမ် (သူကတော့ ပြင်သစ်လို ကမ္ဘာဆရာဝန်များအဖွဲ့ပါ) သူက ကန်ရိပ်သာလမ်း (နန္နာလှိုင် အိမ်နဲ့ ကပ်ရက်) မှာ နားခိုရာ ဆိုလား ခိုနားရာဆိုလား ဆေးခန်းရှိပါတယ် အဲ့မှာ လဲ သူက အခြောက်တွေ အခြောက်လင်တွေ ဖော်ကာတွေ အတွက် သွေးစစ်ပေးတာ နှစ်သိမ့်ဆွေးနွေးပေးတာ တွေ လုပ်ပေးပါတယ်
  4. နောက် အများသိကြတဲ့ PSI ရဲ့ TOP စင်တာပါ ရှစ်မိုင် မှာ ရှိပါတယ် မှတ်တိုင်ကနေ ကိုးမိုင်ဘက်ကို နည်းနည်းဆက်လျောက်လိုက်ရင် လက်ဘက်ရည်ဆိုင် နာမည်ကြီး လပ်ကီး ၇ လားမသိ မရောက်ခင် နားမှာပါ သူတို့ကလဲ DIC (drop in center) ဖွင့်ထားတာပါ အခြောက်တွေ အခြောက်လင်တွေ နဲ့ ဖော်ကာတွေ အတွက်ပါပဲ အဲ့မှာ လဲ ကာလသားကုတာ သွေးစစ်တာ နှစ်သိမ့်ဆွေးနွေးပေးတာ တွေ အကုန်ရှိပါတယ်
  5. နောက် အမျိုးသား ခုခံအားကျ နှင့် ကာလသား ကု တွေ မြို့နယ်တွေ မှာ ရှိပါတယ် အဲ့မှာ တွေလဲ သွေးစစ်လို့ရပါတယ် အဲ့တာတွေကတော့ အစိုးရပေါ့
  6. နောက် NHL (National Health Laboratory) လို့ခေါ်တဲ့ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်း မှာလဲ သွေးစစ်လို့ရပါတယ် တီကတော့ တခါမှ အဲ့မှာ မစစ်ဘူးပါဘူး ဒါပေမယ့် ခုန က အမ်ဒီအမ် တို့ နဲ့ တချို့ ဆေးရုံ ဆေးပေးခန်းတွေလဲ သူတို့ဆီမှာ သွေးစစ်လို့ မရခင်တုံးက အဲ့ကို ညွှန်းပြီး သွေးစစ် တာမျိုး ရီဖား လုပ်ပေးတာမျိုးတွေ လုပ်ကြပါတယ် သူကတော့ ပိုသေချာတာပေါ့
  7. နောက်တခုက အိမ်မည်းကြီး လို့ တီတို့ တွေ အလွယ်ခေါ်ကြတဲ့ အမျိုးသား နှစ်သိမ့်ဆွေးနွေးရေး ဗဟို မှာလဲ သွေးစစ်လို့ ရပါတယ် သူရဲ့ တည်နေရာကတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ရှေ့မှာ ရှိတဲ့ ဦးနှောက် နဲ့ အာရုံကြော ဌာန ဘေးကနေ ဝင်ရင် (ဘေးက လသာ ၁ လာ ၂ လာ မသိ ကျောင်းနဲ့ ကပ်ရက် ဘက် အပေါက်ကနေဝင်ရင်) ရောက်ပါတယ် အဲ့နားမှာ အိမ်မည်းကြီး လို့မေးရင် ရပါတယ်
လောလောဆယ် တီ့ခေါင်းထဲ ရောက်လာသမျှပါ နောက်ပြီး ပုဂ္ဂလိက ဆေးခန်းလေးတွေမှာလဲ သွေးစစ်လို့ ရပါတယ် တခုမှာ ချင်တာက အပြင်ဆေးခန်းတွေ မှာ စစ်ရင် ကောင်းစလင်း လို့ခေါ်တဲ့ နှစ်သိမ့်ဆွေနွေးပေးတဲ့ ဝန်ဆောင်မှု ရဖို့ခဲယဉ်းပါတယ် အဲ့တာဆိုရင် ပေါ့စတစ် မဖြစ်ရင် ဘာမှမသိသာပေမယ့် ပေါ့စတစ်များဖြစ်ခဲ့သည်ရှိသော် ကောင်းစလင်း ရထားရင် နည်းနည်း သက်သာနိုင်ပါတယ်
နောက်ပြီး ပြည်တွင်း လူမှု အဖွဲ့အစည်း local NGO တွေကလဲ သွေးစစ်ပေးနေတာတွေ ရီဖာ လုပ်ပေးနေတာတွေ အများကြီး ရှိပါသေးတယ် ရသမျှ သတင်းအချက်အလက်တွေ ကို တတ်နိုင်သမျှ အပ်ဒိတ် လုပ်ပေးပါ့မယ်
Delete
တီလဲ စေတနာ ဗလပွ နဲ့ အများကြီး တခါတည်းဖြေလိုက်မိတယ် မမယာက ပြောတော့ တက်ကနီကယ် ဆန်နေတယ် တဲ့
တကယ်လို့ မရှင်းတာ ရှိရင် အချိန်မရွေးတီ့ ကိုထပ်မေးပါ တီ တတ်နိုင်သလောက် ကြိုးစား ဖြေပေးပါမယ်နော်
12 comments:
  1. စာအရေးအသားကလဲ ကောင်း၊ အရှင်းအလင်းကလဲ ကောင်းဆိုတော့ မရှင်းတာ ထပ်မေးဖို့ ရှာကြံစဉ်းစားလို့ မရအောင်လောက်ပဲ စေတနာ ဗလပွကို အထင်အရှား တွေ့ရပါတယ်..။ ဗဟုသုတတွေလဲ ဗလပွ မှတ်သားသွားပါတယ်။ ကျေးဇူးပါဗျာ။
    ReplyDelete
  2. ရှင်က ဒါတွေပထမ ဆုံးဘတ်တဲ့ သူဖြစ်မယ်
    ReplyDelete
  3. တကယ်တော့ တခြားမှာ ဖတ်မှတ်ဖူးပါတယ်။ ဒီလောက် ပြည့်စုံအောင် အမှားမခံအောင် ဆင်ခြေဆင်လက် အပြည့်နဲ့ ရေးထားလို့ပါ။ လာဖတ်သွားကြောင်းနဲ့ ကွန်းမင့်တွေ ဒီပို့စ်မှာ မတွေ့တာကြောင့် စ ပွားလိုက်တာပါ။
    ReplyDelete
  4. တီပြောတာကလဲ တီ့ ဘလောခ် လာဘတ်သူတွေထဲမှာ တီ ဒါတွေရေးတာ ရှင် ပထမ ဆုံးဘတ်တယ် ထင်တယ်ပြောတာပါ တချို့ ကျတော့လဲ ဘတ်ချင်ဘတ်မယ်ပေါ့ ဒါပေမယ့် မရေးချင်ကြတာနေမှာပေါ့
    ReplyDelete
  5. တီ ကျွန်တော်ဖာသည်မတစ်ယောက်နဲ့နမ်းဖူးတယ်ဗျ အဲ့ဒီအချိန်မှာ ကျွန်တော်နတ်ခမ်း အပူကြောင့်နည်းနည်းကွဲနေတယ် အဲ့တာကောကူးနိုင်လားဟင်
    ReplyDelete
  6. အပေါ်မှာ ပြောခဲ့တဲ့ ETTE နဲ့ ကိုယ့်ဘာသာ စစ်ကြည့်လို့ရပါတယ်
    ReplyDelete
  7. ကိုစိုင်းရေ ၁) ဖာသည်မ လို့ မခေါ်စေချင်ပါဘူး။ အလုပ်လုပ်တဲ့ မိန်းကလေး လို့ခေါ်ရင် ပိုအဆင်ပြေမလားလို့ပါ
    ၂) နှုတ်ခမ်း အနာ ရှိနေသည့်တိုင် HIV ကူးဖို့ အခွင့်အလမ်း နည်းပါတယ် သို့သော် တခြား ကာလသား ပိုးတွေတော့ ကူးနိုင်ပါတယ်
    ReplyDelete
  8. တီတီချမ်း​ရေ..အိမ်​မ​​ည်းကြီးဆိုတာမှာ.​သွေးစစ်​ရင်​ဘယ်​​လောက်​ကုန်​ကျလဲဆိုလည်း..​ပြောပြ​ပေးဦး​လေ..
    Reply ပြန်​​ပေးမယ်​မလားဟင့်​...​နော်​..
    ReplyDelete
    Replies
    1. Hi I think the Black House (we usually call it) is supposed to be free, but i am not very sure, but even if they charge it should be way cheaper than the outside private clinic for sure.
      If you are not sure than i will suggest go to NGOs such as AZG, PSI, MDM and other Local NGOs,
      I believe services are better, not from me but from the communities people who used to visit there.
      Delete
  9. Hallo,တီချမ်း ကျနော်မေးချင်တာလေးရှိလို့ဒီကပဲမေးရတာလားဘယ်ကမေးလို့ရမလဲဗျ
    ReplyDelete
  10. ကျတော်တခုလောက်မေးချင်ပါတယ်ခင်ဗျာ ကျတော်တို့ ရုံးမှာ အလုပ်လုပ်နေတဲ့ အကို တယောက်က နေ့လည်ခင်းမှာ ၀က်ရူးပြန်သလိုတက်ပါတယ် ကြမ်းပြင်ပေါ်လဲကျပြီး တက်တာဆိုတော့ သူ့မျက်နှာမှာရော လက်မှာပါ ပွန်းပဲ့ပြီး သွေးတွေထွက်လာပါတယ် ။ကျတော်တို့ လဲ အတတ်နိုင်ဆုံး နှိပ်နယ်ပြီး ကုပေမယ့် တက်တာက ပိုဆိုးလာပါတယ် ။ ကျတော်တို့ ရုံးက အထပ်မြင့်၈လွှာမှာပါ သူ့ကိုပွေ့ချီပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ရပါတယ် ။သူ့လက်ကိုလဲ ကားပေါ်မှာ ကျတော်က ဆွဲချုပ်ထားရပါတယ် ဆက်တိုက်တက်နေလို့ပါ ။ ဆေးရုံကြီးပို့ပြီးမှ သိရတာက သူ့တို့လင်မယားမှာ HIV ရှိနေပါတယ် ။ ကျတော့လက်ကောက်ဝတ်မှာ အိမ်က ညီမနဲ့ ဆော့ရင်းကုတ်မိတာ အရေပြားပွန်းပဲ့ထားတာလေးရှိနေပါတယ် ။ အရေပြားက သားငန်ရည်ထွက်ရုံသာ ပွန်းပဲ့တာပါ ပွန်းပဲ့ထားတာ တရက်ပြည့်ပြီးမှ သူ့ကိုဆေးရုံပို့တဲ့ ဖြစ်စဉ်ဖြစ်တာပါ ။ ကျတော့်အနေနဲ့ သူ့ရဲ့ ကြမ်းပြင်ကိုပွတ်တိုက်မိရာက ဖြစ်လာတဲ့ သွေးနဲ့ ထိမိခဲ့သည်ရှိသော် ရောဂါကူးစက်ခံရနိုင်ပါသလားခင်ဗျာ ။ ကျတော်အတတ်နိုင်ဆုံး သတိထားပြီး ကိုင်တွယ်ပါတယ် ဆေးရုံကိုရောက်ရောက်ချင်းလဲ လက်ကိုဆပ်ပြာနဲ့ ပြောင်အောင်ဆေးလိုက်ပါတယ် ။ သူရောသူ့မိန်းမပါ ဒီရောဂါ ရှိတာ သိလိုက်ရတော့ အရမ်းစိုးရိမ်နေလို့ ဖြေကြားပေးပါခင်ဗျာ ။
    ReplyDelete