Thursday, April 28, 2011

ခွင့်ပြုချက်တောင်း........ရန်မလို..........




foto from google


ခွင့်ပြုချက်တောင်း........ရန်မလို..........


တချို့ ကိစ္စတွေဆိုရင် ရှင် က ကျမ ကို သဘောတူမတူ ခွင့်ပြုချက်တောင်းစရာမလိုပါဘူးလေ။ ဥပမာ...
“ကိုယ်မင်း ကို နမ်းရမလားဟင်”
“ဒီည ကိုယ်ဒီမှာ အိပ်လို့ ရမလားဟင်”
“ကိုယ်မင်းဆီကို ဖုန်းဆက်လို့ရမလားဟင်”
“မင်း လက်ကလေးကို ကိုယ်ကိုင်ထားလို့ရမလားဟင်”
“မင်း ကို ကိုယ်ထပ်တွေ့နိုင်အုံးမလားဟင်”

ကောင်လေးက ကောင်မလေး ကို “နမ်းရမလားဟင်” လို့မေးရင် ကိုယ်ကတော့ အဲ့ဒီကောင်လေး သိပ်တုံးတယ် လို့ ထင်တာပဲ။ စဉ်းစားကြည့်လေနော်....တကယ်လို့ကောင်မလေး က “အင်း....” လို့ ဖြေရင်....အဲ့ဒီကောင်မလေးက အိနြေ္ဒ မရှိလိုက်တာ လို့ဖြစ်နေမယ်လေ။ အဲ့တော့ ကိုယ်တို့ တွေမှာ “ဟင့်အင်း......” လို့ ဖြေရန်မှ တပါးအခြားမရှိ။ ဒါမှ မဟုတ် ဘာမှမဖြေဘဲ တိတ်ဆိတ် နေယုံပဲ။ တကယ်လို့ ကောင်လေးတွေ က ကောင်မလေးတွေကို နမ်းချင်တယ် ဆိုရင် နမ်းသာနမ်းလိုက်ပါ။ သဘောတူလားမတူလားမေးမနေပါနဲ့။ တကယ်လို့ ဝေါ့စ်ကေစ့် စနေရီယို သဘောတူညီချက် (ဝါ) ခွင့်ပြုမှု မရဘဲ နမ်းလိုက်မယ် ဆိုပါတော့ မသကာ အလွန်ဆုံး ရ လက်ဝါး တဘက်ပေါ့။ ဒါပေမယ့် ကံကောင်းရင် ကိုယ့်ရင်ခွင်ထဲ ပြိုဆင်းလာမယ့် အပွေ့အဖက် တခုတောင် အပိုဆု ရနိုင်သေးတယ်။ ကံကောင်းရင်ပြောတာနော် အဲ့တာဆို တီ့ စာဘတ်လို့ ဆိုပြီး ကျေးဇူး လာတင်ပါ (ကောင်လေးတွေ လက်ခုပ်တီးပါတယ်) ပါးရိုက်ခံ ရရင် တော့ ငါ ကိုက ကံမကောင်းတာပါ လို့ဖြေသိမ့်ပါ (ကောင်မလေးများ လက်ခုပ်တီးပါတယ်)

ဒါပေမယ့် ကောင်လေးက “နမ်းရမလားဟင်” လို့ သာ သွားမေမိမယ်ဆိုရင်တော့ သူက ဘာမှ မရနိုင်တဲ့ အပြင် ကောင်မလေးကလဲ ငတုံး လို့ တောင် သူ့ကို သတ်မှတ်နိုင်ပါသေးတယ်။

နောက်ပြီး ကောင်လေး က ကောင်မလေး ဆီမှာ ညဘက် နေချင်တယ်။ အဲ့တာဆိုရင်လဲ နေလို့ ရမရ မမေးပါနဲ့။ တကယ်လို့ ကောင်မလေးက ကိုယ့်ကို နေစေချင်ရင် ဟင့် (hint) ပေးပါလိမ့်မယ်။ မနေစေချင်ရင်လဲ “ဟင့်” ပေးပါလိမ့်မယ်။ ဘယ်လို အနေအထားမျိုးမှာ နေသင့်တယ် သွားသင့်တယ်ဆိုတာလောက် ကတော့ ယောက်ျားတွေ က သိပါတယ်။
(ဒါကတော့ တီ့ စိတ်ကူးယဉ် ခေတ်လွန် လူတန်းစားကိုပြောပါတယ် အာတီကယ် ကို အာတီကယ် အတိုင်းပဲ ဘတ်ပါနော် မြန်မာပြည်မှာတော့ ဒါမျိုးတွေ မရှိဘူး ဘာညာ ကိုယ်သိတာ ကွက်ကွက်လေးနဲ့ မငြင်းပါနဲ့ ရှိတဲ့နေရာတွေမှာလဲ ရှိနေမှာပါနော်)

တကယ်လို့ များ ကောင်လေးတယောက်က ကိုယ့်ကို “လက်ကလေးကိုင်ထားရမလားဟင်” လို့ မေးလာရင်တော့
ကိုယ်တော်တော်ဒေါသထွက်မိမယ်ထင်တယ်။ “မကိုင်နဲ့” လို့ပဲ ငြင်းရတော့မှာကိုး။ တခြားရွေးချယ်စရာမှ မရှိတာနော်။ ကောင်မလေးတွေ ကိုယ်သဘောကျတဲ့ ကောင်လေးက လက်ကိုင်တယ်ဆိုတဲ့ အတွေ့အကြုံဟာ အင်မတန်မှ ရိုမန်တစ်ဖြစ်ပါတယ်။ ဘဝတလျောက်လုံး ပြန်ပြန် အမှတ်ရနေမယ့် surprise ပါ။ တကယ်လို့ ကိုယ့်ကောင်လေးကသာ ကိုင်လို့ ရမရ (လက်ကို) အရင်မေးမယ်ဆိုရင် ဘယ်လာ surprise ပါတော့မလဲနော်။ ယောက်ျားတွေ ဟာ ဘယ်တော့မှများ ဘယ်လို ကိစ္စမျိုးကိုဆိုရင် သူတို့ ကောင်မလေးတွေကိုခွင့်တောင်းရမယ် ဘယ်လိုကိစ္စမျိုး ဆိုရင် ခွင့်တောင်းစရာ မလိုဘူးလဲ လို့ သေချာ နားလည်သဘောပေါက် မှာပါလိမ့်နော်...။

ဂျူး ရဲ့ “ကံကြမ္မာ ကို မယုံကြည်ကြသူများ” ထဲက မမ ထင်တယ် ဝေဘုန်း က အင်္ကျီ ကြယ်သီး ကိုင် တာနဲ့ ပတ်သက်ပြီးဖြစ်တာ ကိုသတိရမိသေးတယ်။ အခုဟာကလဲပိုစ့်ရေးနေတာ မို့လို့သာ တကူးတက လျောက်တွေး လျောက်ရေးနေတာပါ အပြင်လောက မှာတော့ တီက အင်မတန်မှ ဦးဆောင် ဦးရွက် ရှိပါတယ် တီ့ ကောင်လေးတွေ ဆိုရင် ဘယ်တော့ မှ ခွင့်တောင်းနေစရာမလိုဘူး တီ က ပဲ ဦးအောင် ကိုင်လိုက်တာပဲ (လမ်းကူးတဲ့ အခါ လက်ကိုပြောတာပါ)

မှတ်ချက်

ခေါင်းစဉ် ကို လာဘ်ပေး “ရန်” မလိုပါ ကဲ့သို့ ခွဲ မဘတ်ရ...။


A Chen
3:40 PM
28th April 2011
Thursday
Bangkok

4 comments:

  1. အဲကွယ်... တီပြောတာ မှန်လိုက်တာကော။

    ReplyDelete
  2. #
    Aye Myat Myat Ko likes this.
    #

    *
    Aye Myat Myat Ko ခုတလောတင်တဲ့ ပို့စ်တွေ ပေါတယ်။ ကောင်းတယ်။ ပေါပေါပဲ ဖတ်ချင်တယ်။ အတည်တွေသွားဖတ်မိရင် လေးလို့။
    3 hours ago · LikeUnlike
    *
    Aye Myat Myat Ko ဒါနဲ့ ဝေဘုန်းက ကြယ်သီးကိုင်တာ ဟုတ်လို့လား။ (ဖြေ ရန်မလို)
    3 hours ago · LikeUnlike
    *
    Addy Chen အို နန်းညီ လို ပေါ့ လူကြားထဲတော့ ဒီလိုပဲ ရေးရတာပေါ့ (ပြန်ဖြေတာမဟုတ်) အမလေး အခ ပိုစ့် ကိုလဲ တော်ကြာ ဂျူလီယာ က ဘာသာပြန်နဲ့ တူတယ် ပြောမစိုးလို့ သတိထားရေးရတယ် ပေါပေါပဲလေ အစကတည်းက ပေါတာ ကို
    3 hours ago · Like

    ReplyDelete
  3. LikeUnlike · · Share · Delete

    *
    *
    Zaw Lynn Dwe and Hla Myat Tun like this.
    *
    o
    Zaw Lynn Dwe နိုင်းနိုင်းစနေလို တီချမ်းစာစုများက တစ်အုပ်။ တီချမ်း ဟင်းချက်နည်းများက တစ်အုပ် ထုတ်မလို့လား။ ဖြစ်နိုင်တယ်နော်။ များများရေးထား။
    2 hours ago · LikeUnlike
    o
    Addy Chen သူ့ လို ချမ်းသာတဲ့ ယောက်ျား တယောက်အရင်ရှာရမယ် လေ ခွိ
    36 minutes ago · LikeUnlike
    o
    Addy Chen ထုတ်မယ် ဆို ထုတ်လို့ ရနေပြီ အပုဒ် ၅၀ နီးပါးရှိနေပြီ
    35 minutes ago · LikeUnlike
    o
    Zaw Lynn Dwe ဟင်းချက်နည်းကရော?
    33 minutes ago · LikeUnlike
    o
    Addy Chen အဲ့လောက်မများသေးဘူး
    5 minutes ago · LikeUnlike
    o
    Addy Chen များတော့များနေပြီ
    5 minutes ago · Like

    ReplyDelete
  4. Not Ma Ma. That is Zin Mar.

    ReplyDelete