Monday, April 25, 2011

Cheap sense, happy memory ….

Cheap sense, happy memory ….

(foto from google)


Cheap sense, happy memory ….

တခါတုံး က သူငယ်ချင်းနှစ်ယောက် (ဝါဝါ နဲ့ ပြာပြာ ဆိုပါတော့) နဲ့မိုးကောင်းဘုရား ပွဲကိုသွား လည်ကြတယ်။ ငယ်ငယ်တုံး က ပါ၊ ကျောင်းတက်တာ က အ.ထ.က -၂- ရန်ကင်း ဆိုတော့ မိုးကောင်းဘုရားပွဲရှိရင် အမြဲ လိုလိုရောက် ဖြစ်တယ်လေ။ ငယ်ငယ်ကတော့ ဘူးသီးကြော်၊ ကြာဇံချက် သွားသွားစားကြတာပေါ့။ တုတ်ထိုးလဲ စားကြတယ် သူငယ်ချင်းတို့ ခြံထဲ ကိုခေါ်ပြီးတော့လေ ထားပါတော့။

တခါကျတော့ မုန့်စားပြီးတော့ သူငယ်ချင်း နှစ်ယောက် နဲ့အတူဈေးတန်းလျောက်ကြတယ်။ လျောက်ရင်းနဲ့ ပလုံစီ ပလုံစီလေးတွေ ဘာဘာ ညာညာ သေးသေးကွေးကွေးလေးတွေ ကို အထမ်းနဲ့လည်ရောင်းတဲ့ ဈေးသည်ကြီးနားရောက်တော့ ကိုယ်လဲ ဘာရယ်မဟုတ် အသည်းပုံ ရင်ထိုးလေး တွေ့တော့ သဘောကျမိတယ်။ သူငယ်ချင်း နှစ်ယောက်ကတော့ တားကြတယ် ကိုယ်က ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ ဆိုပြီး ဝယ်ခဲ့တယ်။

နောက်ပိုင်း တော်တော်ကြာလာတော့မှ စကားစပ်မိတော့ ဝါဝါကပြောတယ်။

“တကယ်လို့သာ အဲ့နေ့ က ဝယ်လိုက်တဲ့ အသည်းပုံ ရင်ထိုး ကို ကိုယ် တပ်လိုက်မယ် ဆိုရင် ပြာပြာ နဲ့ သူ က ကိုယ်နဲ့ လမ်းတူတူမလျောက်တော့ဘူးလို့ တိုင်ပင်ထားတာ” တဲ့။

ကိုယ်ကလဲ ဝယ်ကတည်းက တပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကိုမဟုတ်ပါဘူး။ အကြောင်းတွေကလဲ အများကြီး ရှိတယ် ဆိုပါတော့

၁) ပုံက တုံးလွန်းနေတယ် ၂) အပေါစားမှန်းလဲ သိသာနေတာပဲ ၃) အဲ့လို ရင်ထိုး ထိုးတယ် ဆိုတာ ခုခေတ်မှာ ကြောင်တောင်တောင်ဆိုတာ ကိုယ်လဲသိနေတာပဲ ကို ထားပါတော့။

အဲ့ဒီ ဝယ်လိုက်တဲ့ အခိုက်အတန့် တုံးကလဲသူငယ်ချင်းတွေတားနေတဲ့ ကြား က ခေါင်းမာမာ နဲ့ ဇွတ်ဝယ်တာ က အဲ့ဒီ အချိန်မှာ ကိုယ်က လောလောလတ်လတ် ချစ်သူ ရနေလို့ဖြစ်မယ် ထင် တယ်။

ကိုယ့် စိတ်ထဲ မှာ အချစ်တွေရှိနေတယ်။ လူတယောက်ကိုလဲ ရင်ခုန်ပြီး ကိုယ်က ချစ်နေရ တယ်။ လူတယောက်က ကိုယ့်ကို ချစ်နေတာကိုလဲ ခံနေရတယ်။ တလောကလုံး အချစ်တွေ နဲ့ပြည့်နေသလိုလို ကိုယ့်ပတ်ဝန်းကျင်မှာပဲ အချစ်ငွေ့တွေနေရာတိုင်း ထုံမွှန်းနေသလိုလို…

အချစ်ဆိုတဲ့ စကားလုံး ကိုကြားရရင် အချစ်ကို ကိုယ်စားပြု အသည်းပုံလေးတွေကိုတွေ့ရရင် မျက်လုံးတွေကလဲအရောင်တဖျပ်ဖျပ် လက်လို့ပေါ့ တောက် လို့ ပ လို့…

အဲ့တာကြောင့်ပဲ အဲ့ဒီ ရင်ထိုးဆိုတဲ့ အရာ ကိုယ်နဲ့ဘယ်လိုမှ မအပ်စပ်တာလဲသိတယ် ကိုယ်လဲ တပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ သိ တယ် ဒါပေမယ့် ခေါင်းမာမာနဲ့ဝယ်ဖြစ်အောင် ဝယ်လိုက်မိ တယ်လေ။ ဘာလို့လဲဆိုတော့ အချစ်ကို ကိုယ်နှစ်သက်တယ်။ အချစ်ထဲမှာ ကိုယ်ပျော်ဝင်နေ တယ်။ အချစ်ကို ကို်ယ်ကိုးကွယ်တယ်။ အချစ်ဆိုတာ နဲ့သက်ဆိုင်တဲ့ အရာမှန်သမျှ ကိုယ်လို လားနေတယ်လေ။

အိမ်ပြန်ရောက်တော့ ကိုယ် အဲ့ဒီ ရင်ထိုးလေး ကို ခေါင်းအုံးပေါ်မှာ တင်ထားမိတယ်။ အဲ့ဒီ အသည်းပုံလေး က တလက်လက်တောင်ပ နေတဲ့ ကျောက်မျက်တုတွေ နဲ့ စီထားတာပါ။ ပုံစံ လဲမလှ ပါဘူး။ လက်ရာကလဲ မသေမသပ် နဲ့ပါ။ ဒါပေမယ့် အဲ့ဒီ ရင်ထိုးလေးကို တွေ့တိုင်း ထုတ်ကြည့်မိတိုင်း ရင်ထဲက နေ လှိုက်လှိုက်လှဲလှဲ ကိုယ် ရယ်မိတယ်။ နှစ်သိမ့်ကြည်နူးတယ်။ ပြီးတော့ အဲ့အချိန် တုံးက ချစ်နေတဲ့ ချစ်သူ ကိုတောင် ပြောပြမိသေးတယ်….

“ဝါဝါ နဲ့ ပြာပြာ ကပြောသေးတယ် သိလား…တကယ်လို့ ကိုယ်ကသာ အဲ့ဒီ ရင်ထိုး ကို တပ် ထားမယ် ဆို် ရင် သူတို့က ကိုယ်နဲ့ တူတူ လမ်းမထွက်ချင်ပါဘူးတဲ့လေ” လို့……

အဲ့ဒီစကားကိုလဲသူကြားရော သူက ဘာမှ မပြောဘဲ ညင်ညင်သာသာ ညံ့ညံ့သက်သက်လေး ပြုံးယုံပဲ ပြုံးပါတယ်။

ကိုယ်ထင်တယ်လေ တချို့ပစ္စည်းတွေက အကောင်းကြိုက်တာ၊ ပစ္စည်းကောင်း သုံးတတ်တာ၊ နောက် လူတဦးတယောက် ရဲ့ ‘sense’ စတာတွေနဲ့ဘာမှ မဆိုင်ပါဘူးလို့….ကိုယ် သူတို့ တွေ ကို ကြိုက်တာ၊ ဝယ်သိမ်းတာ၊ စုဆောင်းတာတွေအကုန်လုံးဟာ ကိုယ့်မှာတော့ ကိုယ့် သီးသန့် ရည်ရွယ်ချက်နဲ့ကိုယ်ရှိပါတယ်။ တချို့ တလေ ကို ချစ်စရာကောင်းလို့ နဲ့ပဲ ကို ကို်ယ့်အတွက် မလိုမှန်းသိပေမယ့် အသုံးမဝင်ပေမယ့် ဝယ်ချင်လဲ ဝယ်မိမယ်လေနော်…

အပေါစား ပစ္စည်း နဲ့ “ကြိုက်နှစ်သက်မှု” ပြီးတော့ ပျော်ရွင်တဲ့ မန်မိုရီ…..

ဘာများ မကောင်းလို့လဲနော်…..

A Chen

3: 47 PM

25th April 2011

Monday

Bangkok

7 comments:

  1. ပို့ စ်တခုလုံး ဖတ်ပြီးချိန်မှာ ရင်ထဲ ရောက်သွားတာက ဘူးသီးကြော်၊ ကြာဇံချက်နဲ့  တုတ်ထိုးပဲ ...

    ReplyDelete
  2. ဟင်.......သေချာတယ် ဖူးကက်မှာ ငတ်ပြတ်နေတာ သေချာပြီ.....
    တဏားဒယ်........
    နောက်နေ့မှာ ချက်ပြုတ်တာတွေချည်းပဲတင်ပြီး သေသေချာချာကို နှိပ်စက် အုံးမယ် ညှင်းညှင်း

    ReplyDelete
  3. အပေါစား ပစ္စည်း နဲ့ “ကြိုက်နှစ်သက်မှု” ပြီးတော့ ပျော်ရွင်တဲ့ မန်မိုရီ…..

    ဘာသာပြန်အရေးအသားနဲ့တူနေတယ်။ ဒါပေမယ့် ကြိုက်တယ် တီ။

    ReplyDelete
  4. ဟုတ်တယ် ဒေါ်ဂျူရေ ...တီရေးတာတွေ က တီ့အတွေးတွေ ဆိုပေမယ့် တီဘတ်တာတွေကလဲ လွှမ်းမိုးတာပေါ့ တခါတခါ ဟန်တွေလေ အထူးသဖြင့်
    နောက် တီ က ဘာသာပြန်ဘတ်တာများလို့လဲပါမယ် ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်တယ် ဆိုလို့ ကျေးဇူးပါ များသောအားဖြင့် အဲ့လိုတွေ ရေးရင် မကြိုက်ကြဘူး တီဟင်းချက်တာ ဟာသတွေ အမွှေအနောက်တွေရေးတာပဲ ပိုကြိုက်ကြတာ ဒီလို ဆောင်းပါး လို့ ခေါင်းစဉ်တပ်ထားတာတွေက တီ ဘတ်တဲ့ တခြား စာအုပ်တွေ ရယ် အဲ့တာတွေ ကိုအခြေခံပြီး ကိုယ့်အနား ပတ်ဝန်းကျင် ကိုယ့် ကိုယ်တွေ့ အဖြစ်အပျက်တွေ ကိုဖြန့်ရေးထားတာလေ အဲ့တာ ကိုမကြိုက်ကြတာများတယ် တီက တော့ စုံအောင်ရေးချင်ပါတယ်

    ReplyDelete
  5. Prince Takashi Sarko likes this.

    Addy Chen http://chenaddy.blogspot.com/2011/04/cheap-sense-happy-memory.html
    9 hours ago · Like
    Aye Myat Myat Ko မိဘအိမ်သာ ကောက်သိမ်းပေးမယ့်သူရှိလို့ အဆင်ပြေတာ။ ခုတော့ ပစ္စည်းတွေ ပိုနေရင် အလုပ်ရှုပ်လွန်းလို့။
    9 hours ago · Like
    Addy Chen သိပ်သိပ်သိပ်မြန်တာပဲ
    9 hours ago · Like
    Nang Nyi ဘာမှ မကောင်းဘူး
    8 hours ago · Like
    Addy Chen အော် ကလိုလား ရတယ်လေ မောက်စ် ကိုင်စောင့်နေသူများ ဆိုပြီး မကောင်း အောင် ကို တပိုစ့် ရေးလိုက်အုံးမယ်
    8 hours ago · Like
    Aung Phyoe မိန်းကလေးတွေ အဲသည်လောက်တောင် ချစ်တတ်ကြတယ်ဆိုတာ တကယ်လား ???
    5 hours ago · Like
    Aye Myat Myat Ko လျှောက်ပြောနေတာ။ စိန်ရင်ထိုးကြီးဆိုရင်တော့ တမျိုးပေါ့။
    4 hours ago · Like · 1 person
    Prince Takashi Sarko ‎Addy Chen အချစ်လား အခုတလောထုံကျင်နေလို့မသိတာကြာပေါ့ တီချမ်းရယ်.... တခါတလေ သူ့အကြောင်းတွေးလူကြားထဲမှာ ပြုံးမိတယ် တစ်ခါတစ်ခါတော့ ကလေးလေးတစ်ယောက်လို ဝမ်းနည်းတကြီးနဲ့ငိုရှိုက်တတ်နေတုန်းပဲ
    4 hours ago · Like
    Addy Chen အောင်ဖြိုး ...ကိုယ်ထင်တာကတော့ စိမ်းဆတ်ဆတ်အချစ်ပေါ့
    ဒေါ်ရီတာ နဲ့ နည စိန်ရင်ထိုး ဆိုလို့ ဟိုပုံပြင်လေ သည်နက်ကလေ့စ် လား သတိရမိသေးတယ်
    တာကာ ဖြေပေါ့ကွယ် ငယ်သေးတယ်ပြောဖို့လဲ တကယ်မငယ်တော့ဘူးနော်
    4 hours ago · Like

    ReplyDelete
  6. I'm also from BEHS 2 Yankin, tchen. which batch? me 2000.

    ReplyDelete