Friday, April 15, 2011

ကောင်းစလင်း (counseling) အကြောင်းတစေ့တစောင်း နဲ့ သူငယ်ချင်း ကိုဘယ်လိုကူညီ ရမလဲ

Delete
တီချမ်းရေ...ကျေးဇူးအများကြီးတင်ပါတယ်... ကျွန်တော့်အတွက်ပေါ့ပြည့်စုံရှင်းလင်းပါတယ်...
ဟုတ်ပါတယ်.. တီပြောသွားတဲ့ထဲမှာပါသလိုပေါ့နော်.. ကောင်းစလင်းကအရေးကြီးပါတယ်.. ကိုယ်တွေ့ကြုံနေတာလေးတစ်ခုကိုပြောချင်ပြီး တဆက်ထဲအကြံလေးတောင်းချင်ပါသေးတယ်.... ကိုမျိုးသူငယ်ချင်း လင်မယားနှစ်ယောက်ပေါ့နော်(အခြောက်လင်မယားနော်) မကြာခင်အချိန်က ခွပြဲကြတယ်... သူ့လင်က ဖြေးဖြေးချင်း ပလစ်သွားတာပါ.. ဒီလိုနဲ့ သူ့ကိုလဲအားပေးပေါ့နော်.. နေလာလိုက်တာ.. တရက်မှာ သူ့လင်ဟာ positive ဖြစ်နေကြောင်း ကိုယ်က တိတိကျကျသိလိုက်ရပါတယ်.. ဒါ့အပြင် သူ့လင်က မယားကြောင့် ကူးရပါတယ်ဆိုပြီး ပြောပါတယ်.တဲ့ကြီးမဟုတ်ပေမယ့်... ဘယ်လိုဘယ်ကဲ့သို့ ဆိုပြီးပေါ့.. တဆင့်စကားနဲ့ကြားရုံကနေ သူ့လင်က ကိုယ့်ဆီတောင်ဖုန်းဆက်ပြီးပြောလာပါတယ်... ကိုယ့်မှာလဲ အံ့အားသင့်လို့မဆုံးပေါ့..ဒါနဲ့ သူငယ်ချင်းလဲ သွားစစ်လိုက်တဲ့အချိန်မှာ ထင်ထားသလိုပဲ ပေါ့စတစ်ဖြစ်နေပါတော့တယ်... အဲ့ဒီမှာပြောချင်တာလေးက သူ့လင်သည် သွေးစစ်တဲ့အချိန်မှာ ကောင်းစလင်းမရှိခဲ့ဘူးဆိုတာပါပဲ.... အဲ့ဒီမှ စိတ်လှုပ်ရှားပြီး ဘယ်သူ့ကြောင့် ကူးတယ် ဘယ်ဝါကြောင့် ကူးတယ်.. စသဖြင့် သူ့မှာတော့ အပြစ်မရှိ သူများအပြစ်တွေသာဖြစ်ပြီး ဟိုပြောဒီပြော လုပ်ချင်ရာလျှောက်လုပ်နဲ့ စိတ်ကူးပေါက်ရာလျှောက်လုပ်ပါတယ်... တစ်ရက် ဆုံးပြီးဖျောင်းဖျသော်လည်းးး နဂိုစိတ်အခံကိုက တင်စီးပြီး သူများကို လက်ညှိုးထိုးတတ်သူဖြစ်လေတော့ နားမ၀င်နိုင်ဖြစ်နေပါတယ်.. သူ့ကို ဘာတွေဘယ်လိုလုပ်သင့်တယ်ဆိုတာ လမ်းကြောင်းပြပေမယ့်လဲ မလုပ်ပါ လက်မခံပါ။ သူငယ်ချင်းကတော့ ကိုယ်ပြတဲ့လမ်းအတိုင်းလျှောက်ပါတယ်..
ဆိုတော့ သူ့လင်ကို ဘယ်လိုမျိုးများ ပြောသင့် လမ်းညွှန်သင့်ပါသလဲ...သူငယ်ချင်းခမျာမှလဲ ပြတ်စံပြီးဖြစ်ပေမယ့် တကယ်ပဲ သူ့ကြောင့်ဖြစ်ရလေသလားဆိုပြီး စိတ်မကောင်းဖြစ်နေရပါတယ်... ဆိုတော့ သူတို့နှစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုတွေများ ဖျောင်းဖျနှစ်သိမ့်လို့ရနိုင်ပါသလဲ တီချမ်းရေ.....
Delete

အင်းပေါ့ - Counseling မရှိတော့ အကြောက်တရားက သူ့ရဲ့စိတ်ကို အကြီးအကျယ် စိုးမိုးသွားပြီလေ။

ဒီအကြောက်တရားကြောင့်ပဲ သူ့မှာတော့ အပြစ်မရှိကြောင်း၊ သူတစ်ပါးမှာပဲ အပြစ်ရှိကြောင်း၊ ကိုယ့်ကိုကိုယ် အပြစ်မဲ့သူ ဖြစ်ကြောင်း ကာကွယ်ရေးတွေ မလိုအပ်ဘဲ ပြောလာတော့မယ်။ ဒီလောက်ဆို နည်းနည်းတော်အုံးမယ်။ ဒီအကြောက်တရားကြောင့်ပဲ ဆင်ခြင်တုံတရား မရှိနိုင်တော့ပဲ၊ ပြန်ပြီး လက်စားချေလိုစိတ်တွေ ပေါ်လာမှ ပိုခက်တော့မှာ။ ပြီးတော့ "မထူးတော့ဘူး။ ငါ့မှာ Positive ဖြစ်နေသလို၊ သူများတွေလဲ Positive ဖြစ်အောင် လျှောက်လုပ်ပြစ်မယ်" လို့ စိတ်ရိုင်းတွေ ဝင်လာမှ အခက်။

ဒါကြောင့် Counseling အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ တီချမ်းကတော့ ဒီထက်ပိုပြီး ရှင်းပြနိုင်မှာပါ။
.

Delete

ဟုတ်ကဲ့ အခုလို ဒီကဏ္ဍလေး အသက်ဝင်လှုပ်ရှားလာတာ မေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်

ကိုမျိုးမေးထားတာကို တတ်သလောက်မှတ်သလောက် ဖြေပေးထားတဲ့ လန်းပတ် ကို လဲ ကျေးဇူးတင်ပါတယ် တီလဲ တတ်လွန်းလို့ မဟုတ်ပါ တတ်သလောက် မှတ်သလောက် ကိုယ့် အခြောက်ဘဝတူလေးတွေ ကို ပြန်လည်ဝေမျှတာဖြစ်ပါတယ်လေနော်

ခုနက ပြောသလိုပေါ့ ကောင်းစလင်းက အရေးကြီးပါတယ်

အဲ့တော့ ကိုမျိုးမေးတာ ကို မဖြေခင် ကောင်းစလင်း ဆိုတာ ဘာလဲ ကောင်းစလင်း ရဲ့ အကျိုးကျေးဇူးတွေ နဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို အရင်ပြောပြချင်ပါတယ်။

အလွယ်တော့ ကောင်းစလင်း လို့ ခေါ်ကြပေမယ့် တကယ်က VCCT ပါ

V - Voluntary

C - Confidential

C - Counseling and

T - Testing...................ပေါ့

အရှည်ပြန်ရှင်းရရင် V လို့ခေါ်တဲ့ voluntary ဖြစ်ရပါမယ် ပြောချင်တာက ကိုယ့်တိုင် ကိုယ်ကျ (မိမိကိုယ်တိုင်က) စိတ်ပါလို့ သွေးစစ်ချင်တာ ဖြစ်ရပါမယ် ဘယ်သူက မှ တွန်းအားမပေးဘဲ တိုက်တတွန်းမှု မပါဘဲ မိမိရဲ့ အန္တရာယ် ရှိတဲ့ အမူအကျင့် (risk behavior) ကိုသိလို့ သွေးစစ်ချင်လာတဲ့ ဖြစ်စဉ် တခု ကို ဆိုလိုပါတယ်။ ဒီနေရာမှာ မစစ်မဖြစ် စစ်ရတဲ့ အချက်တွေ ကိုထည့်မပြောပါဘူး။ ဥပမာ ကိုယ်ဝန်ဆောင်တွေကို ဆေးရုံတွေ မှာ လုပ်ထုံးလုပ်နည်းအရ စစ်ပေးတာမျိုး၊ ကာလသား စစ်တာ ပေါ်လို့ HIV ကိုပါ စစ်ခိုင်းတာမျိုး (ဒီနေရာတွေမှာတောင် တကယ်က ဗော်လန်ထရီ မိမိကိုယ်တိုင်ရဲ့ သဘောထားနဲ့ ဖြစ်ရပါမယ်) နောက် အလုပ်အတွက် စစ်ရတာမျိုး စစ်ထဲဝင်လို့ စစ် ရတာမျိုး ဆိုရင်တော့ နောက်တမျိုးခွဲပြောပါတယ်။ ဒီနေရာမှာတော့ တီ ကျန် တာတွေ ကို အကျယ်မပြောတော့ဘဲ ဗော်လန်ထရီ ကိုပဲ အလေးထားပြောသွားပါမယ်။ အဲ့တာကြောင့် ဘယ်မှာပဲ သွေးစစ်စစ် ဘာ့ကြောင့် ပဲ သွေးစစ်ဖို့ စဉ်းစား စဉ်းစား Voluntary ဖြစ်အောင် သတိပြုသင့်ပါတယ်။ တကယ်လို့ ကိုယ်က စစ်ဖို့ အဆင်သင့်မဖြစ်သေးလို့ မစစ် ချင်သေးဘူးဆိုရင် လဲ ငြင်းလို့ ရပါတယ်။ အဲ့တာ က ကိုယ့်အခွင့်အရေး ကို သိအောင် ထည့်ပြောတာပါ။ တခါတလေ တီတို့ အခြောက်တွေ ကို အန္တရာယ် ရှိတဲ့ အုပ်စု ( risk group) လို့ သတ်မှတ်ပြီး ဆရာဝန် တွေက စစ်ဖို့ တိုက်တွန်းတာ ရှိတတ်ပါတယ်။ အဲ့တာ ကိုကျတော့ Provider Initiative Counseling and Testing (PICT တချို့ကလဲ PITC ) လို့ ခေါ်ပါတယ်။ များကုန်ရင် ရှုပ်ကုန်မှာစိုးလို့ အကျယ်မပြောတော့ပါဘူး။ အဓိက ကတော့ ကိုယ့်အခွင့် အရေး ကို ကိုယ်သိရမယ် ကိုယ့်အန္တရာယ် ကို ကိုယ်သိရမယ် ကိုယ့်အဆင်သင့်ဖြစ်မှု ကို ကိုယ်သိရမယ် စတာတွေပါပဲ။

နောက် ခုနက ပြောတဲ့ ပထမ C လုံးဖြစ်တဲ့ Confidential အဲ့တာက တော့ လျှို့ဝှက်စောင့်ထိန်းပေးခြင်းပဲ ဖြစ်ပါတယ်။ စိတ်မကောင်စရာတခုက “စကားစကားပြောပါများ စကားတွေက အကုန် စ' ကား” ဆိုသလို လူတွေ ရဲ့ နှုတ်မစောင့်စည်းမှု ကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတဲ့ ဥပမာတွေ အများကြီးပါ။ အဓိက ကတော့ VCCT မှာ ပထမ C တလုံးဖြစ်တဲ့ Confidential က အရေးကြီးပါတယ် ဆိုတာပါပဲ။ အန်ဂျီအိုတွေ ဆေးရုံတွေ မနေ့က တီဖြေထားတဲ့ ကောင်းစလင်း စင်တာ တော်တော်များများကတော့ အဲ့ဒီ စီ ဆိုတဲ့ လျှို့ဝှက် စောင့်ထိန်းပေးခြင်း ကို အလေးထားကြပါတယ်။ တီ အတွေ့အကြုံ တီ့ သူငယ်ချင်းအများစု ရဲ့ အတွေ့အကြုံအရတော့ ပုဂ္ဂလိက ဆေးခန်းတွေ က အဲ့ဒီအပိုင်းမှာ အားနည်းနေကြသေးတာ တွေ့ရပါတယ်။ အကုန်တော့ မဆိုလိုပါ။ ဒါကလဲ တဦးချင်းစီ ရဲ့ လူမှု ကျင့်ဝတ်တွေ က စကားပြောပါသေးတယ်။

အလေးထားပြောချင်တာကတော့ ကိုယ်က တကယ်ကောင်းစလင်းလိုချင်တယ် ဆိုရင် ခုနက ပြောတဲ့ ကောင်ဖီဒန်ရှယ်လို့ ခေါ်တဲ့ လျှို့ဝှက်စောင့်ထိန်းမှု ကောင်းကောင်းပေးနိုင်တဲ့ နေရာတွေမှာ သွေးစစ်မှု ခံယူစေချင်တာပါပဲ။ တီမနေ့က ညွှန်းထားတဲ့ နေရာတော်တော်များများမှာတော့ အဲ့ဒီ ကွန်ဖီဒန်ရှယ် ရှိအောင် လုပ်ထားကြတဲ့ စနစ်တွေရှိပါတယ်။

နောက်တခုကတော့ နောက် C တလုံးဖြစ်တဲ့ Counseling ပါပဲ။ သူက ဒီမှာ မင်းသားပါ သူက အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါပါတယ်။ ကောင်းစလင်း အမျိုးမျိုး ရှိပါတယ် Individual Counseling လို့ခေါ်တဲ့ တဦးချင်းပေးတဲ့ ကောင်းစလင်း Couple Counseling လို့ခေါ်တဲ့ စုံတွဲလိုက် ပေးတဲ့ ကောင်းစလင်း (ဒါမျိုးက ယူကြတော့မယ် စုံတွဲတွေ တယောက်က မတော်တဆ တခုခုကြောင့် စစ်လို့ ဥပမာ ကာလသားဖြစ်စေ တခြား HIV စစ်ဖို့ လိုတဲ့ အကြောင်း တခုခုတွေ့ရလို့ဖြစ်စေ နှစ်ယောက်စလုံး ကို စစ်ဖို့ လိုလာတဲ့ အခါ ပေးတဲ့ ကောင်းစလင်းမျိုး ကိုခေါ်တာပါ) Family Counseling ကတော့ မိသားစုထဲက သားဖြစ်စေ သမီးဖြစ်စေ တယောက်ယောက်က အကြောင်းတခုခုကြောင့် စစ်လို့ ပေါ်လာတယ် အဲ့အခါမှာ မိသားစု ကို အသိပေးဖို့ လိုလာတဲ့ အချိန်မျိုး၊ သို့မဟုတ် ကိုယ်ဝန်ဆောင်တွေ ဒါမှမဟုတ် ဆေးရုံတက်ရတဲ့ အချိန်မှာ လိုအပ်လို့ စစ်ရင် ပေါ်လာတဲ့ အခါမျိုးမှာ မိသားစုလိုက်ပေးတဲ့ ကောင်းစလင်း မျိုးကိုခေါ်ပါတယ်။

HIV ကောင်းစလင်းမှာမှ နှစ်မျိုး ရှိပါသေးတယ်။ အဲ့တာက တော့ pre-test counseling လို့ခေါ်တဲ့ သွေးမစစ်ခင်ပေးတဲ့ ကောင်းစလင်း နဲ့ post-test counseling လို့ခေါ်တဲ့ သွေးစစ်ပြီး အဖြေမပေးခင် ပေးတဲ့ ကောင်းစလင်းပါ။ နှစ်ခု စလုံး သူ့နေရာနဲ့ သူအရေးပါပါတယ်။

(ဒါက တီ့ ကျွမ်းကျင်ပိုင်းမဟုတ်တဲ့ အတွက် တီ ယေဘုယျပဲပြောပါမယ်နော်)

Pre-test မှာ ဘာတွေပြောလေ့ရှိသလဲဆိုတော့ ဥပမာပေါ့နော် သွေးက ဘာအတွက်စစ်တာပါ။ စိတ်ကို ဘယ်လိုပြင်ဆင်ထားသင့်တယ်။ အဖြေက ဘယ်နှစ်ရက်နေရင် သို့မဟုတ် အချိန် အပိုင်းအခြားတခု (ခုနောက်ပိုင်း နာရီပိုင်း နဲ့ အဖြေရတာတွေ ရှိပါတယ်) သိရမယ်။ စသဖြင့် ပြောလေ့ရှိပါတယ်။

Post-test မှာတော့ အဖြေက နှစ်မျိုး ပေါ့စတစ် ဖြစ်နိုင်တယ် နက်ကတစ် ဖြစ်နိုင်တယ် ပေါစတစ် ဆိုရင်တော့ ဘာကိုဆိုလိုတာ နက်စတစ်ကတော့ ဘာကိုဆိုလိုတာ၊

ပေါ့စတစ် ဖြစ်ရင် ဘာတွေ ဆက်လုပ်နိုင်တယ် ဆက်လုပ်သင့်တယ် ဆက်လုပ်ရမယ်။ ဘယ်ကိုသွားရမယ်။

နက်ကတစ်ဖြစ်ရင်တော့ ဘာတွေ ဆက်လက်ရှောင်ကြဉ်သင့်တယ်။ နောက် ဘယ်လောက်ကြာ ရင် ပြန်စစ်ရမယ် ကြားထဲမှာလဲ ဘယ်လိုနေထိုင်ရမယ် စသဖြင့်ပြောပါတယ်။

ဒါတွေက ကောင်းစလင်း အပိုင်းပါ အဲ့တာတွေ ပြီးရင်တော့ နောက်ဆုံး T ပေါ့ Testing သူကတော့ ရှင်းပါတယ် ခုနက ပြောတဲ့ ပရီကောင်းစလင်းပေးပြီးရင် တက်စတင်း လို့ခေါ်တဲ့ သွေးဖောက်စစ်တဲ့ အဆင့်ကိုပြောတာပါပဲ။

အဲ့တာဆိုရင် ကောင်းစလင်း နဲ့ ပတ်သက်ပြီး ရှင်းမယ်ထင်ပါတယ်နော်

ကဲ ကိုမျိုးမေးထားတဲ့ မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ ပထမဆုံး သူ့လင်က သူ့ကို တဖြည်းဖြည်းချင်း ပလစ် သွားတယ် လို့ပြောထားပါတယ်။ သေချာတော့ မပြောထားပါဘူး။ သူ့လင်က အရင် သူ့ဘာသာ ပေါ့စတစ် မှန်းတနေရာရာမှာ စစ်ပြီး သိသွားတာပေါ့။ အဲ့တာကြောင့် သူပမယား ကိုတဖြည်းဖြည်း ခွာလိုက်တာလဲဖြစ်နိုင်ပါတယ်။ အဲ့တော့ ဒီနေရာမှာ ပြောရမှာက လူ့သဘာဝပါ။ လူတွေက သူတို့ ကိုယ်သူတို့ ပေါ့စတစ် မှန်း သိလိုက်တဲ့ အခါမှာ တုံ့ပြန်မှု အမျိုးမျိုး ရှိတတ်ကြပါတယ်။ အဆင့်တွေလဲ အမျိုးမျိုးရှိပါတယ်။ ပထမဆုံး တချို့ က ဒေါသထွက်ပါတယ် (anger ) မဖြစ်နိုင်ဘူး ဘာညာပေါ့။ တချို့ဆို ကောင်စလာ ကိုတောင် ပြန်ထိုးတာတွေ ဘာတွေ တီ့သူငယ်ချင်းတွေ ကြုံတွေ ဘူးကြပါတယ်။ နောက်တခုက အမှန်ကို လက်မခံနိုင်တာပါ။ (denial ပေါ့) မဖြစ်နိုင်ပါဘူး။ ကျတောမှ အန္တရာယ်ရှိတာ တခုမှ မလုပ်ခဲ့တာ ဘာညာပေါ့ ။ တချို့ က ကိုယ့်ကိုကိုယ်အပြစ်မြင် အပြစ်တင်တာပါ (guilt ပေါ့) ငါမကောင်းလို့ ဒီလိုဖြစ်ရတာ ငါ့ကြောင့် ငါ့ချစ်သူပါ ဒုက္ခရောက်ရပြီ။ ငါ့ကြောင့် ငါ့မိသားစု အရှက်ရရပြီ။ ငါ့ကြောင့်...........ငါ့ကြောင့်...........စတာတွေပေါ့။ နောက်တမျိုးကတော့ အမှန်တရား ကို လက်မခံနိုင်တော့ ဝန်မခံနိုင်ဘူး။ အဲ့အခါမှာ လူက အပြစ်တင်စရာ လူ အပြစ်ဖို့ စရာ အကြောင်းတရား စတာတွေ ရှာလာတာ။ ဥပမာ သူ့ဆီကနေ ကူးလာတာ။ သွားနှုတ်လို့ ကူးတာ ရေကူးလို့ ကူးတာ သူငယ်ချင်းနဲ့ ပုဆိုး တူတူ ဝတ်မိလို့ စသဖြင့် ကြောင်းကျိုးဆီလျော်၏ မလျော်၏ အပြစ်တင်စရာတခုခု ရှာတော့တာပဲ။ ကိုမျိုးသူငယ်ချင်း က ဒီလိုတွေ့ကြုံလိုက်တာ ဖြစ်ပါလိမ့်မယ်။ အမှန်က တော့ တယောက်နဲ့ တယောက် အဖြစ်အပျက်တခု ကိုလက်ခံပုံချင်း မတူကြပါဘူး အဲ့တော့ တယောက်နဲ့ တယောက်လဲ တုံ့ပြန်ပုံခြင်း တူမှာမဟုတ်ဘူး။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ အဖြစ်မှန်ကို လက်ခံဖို့ ပါ။ အဲ့တာတွေ တခုချင်း တဆင့်ချင်း အစဉ်ပြေအောင် ကောင်းစလင်းက အကူအညီ ပေးနိုင်ပါတယ်။ အဲ့တာကြောင့် ကောင်းစလင်း ရဖို့ အရေးကြီးပါတယ်ဆိုတာပြောချင်တာပါ။ ဒါဆို ကိုမျိုး သူငယ်ချင်း ရဲ့ အဖြစ် ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ဖြေပေးသလိုဖြစ်ပြီးသား ဖြစ်မှာပါ။ အကောင်းဆုံးကတော့ သူငယ်ချင်းနှစ်ယောက်ကို စုံတွဲ ကောင်းစလင်း ယူရင်ယူခိုင်းပါ။ မျက်နှာချင်းဆိုင်ဖို့ မဖြစ်နိုင်ကြတော့ဘူးဆိုရင်တော့ တယောက်ချင်းပဲဖြစ်ဖြစ် ကောင်းစလင်း ရှာယူစေချင်ပါတယ်။

ဒါပေမယ့် တခု ကိုမျိုးကိုပြောချင်တာက ကိုမျိုးပြောသလို သူငယ်ချင်းလင်က အစကတည်းကလဲ လူတဘက်သားကို တင်စီးတတ်တဲ့ လူမျိုးလို့ပြောထားတော့ နည်းနည်းတော့ ခက်ပါတယ်။ ဒီနေရာမှာ တီ့အတွေ့အကြုံလေးကိုပြောပြချင်ပါတယ်။ တီ့ ကိုဆို သူငယ်ချင်းတွေ အလုပ်နဲ့ ပတ်သက်တဲ့ လုပ်ဖော်ကိုင်ဘက်တွေ မိဘ အသိုင်းအဝိုင်း အကုန်က ပေါ့စတစ်မှန်းသိကြပါတယ်။ တီက တမင်ဖွင့်ပြောထားတာပါ။ တလောက အကိုဝမ်းကွဲက သူ့သူငယ်ချင်းတယောက် ကောင်မလေးနဲ့ ယူခါနီး နှစ်ယောက်စစ်ကြတာ ကောင်မလေးမှာ ပေါ်လာလို့ ဘာလုပ်ရမလဲမေးလာပါတယ်။ တီက လုပ်သင့်တာတွေ သွားသင့်တာတွေ ညွှန်ပေးလိုက်နိုင်ပါတယ်။ ဒါပေမယ့် နောက်သူငယ်ချင်းတယောက်ကျတော့ သူလဲ ဟိုမိုပါပဲ တီတို့ ညီအမ အချင်းချင်း ပါ တီ့အကြောင်းကိုလဲ တီက ပွင့်ပွင့်လင်းလင်းပြောပြထားလို့ သူသိပါတယ်။ သူလဲ တခါကျတော့ သွေးစစ်လိုက်တာ ပေါ်လာပါရော။ သူက တီတို့ ကိုမပြောဘဲ ဖုန်းထားပါတယ်။ တီတို့လဲ တဆင့်စကားတဆင့်နား နဲ့ ပြန်သိကြတာပဲ။ ဒါပေမယ့် ကာယကံရှင် ကိုယ်တိုင် က ဘာမှ မပြောတဲ့ အတွက် ကိုယ်က သွားသူညီပေးလို့ဖြစ်နိုင်တာမဟုတ်ပါဘူး။ သူငယ်ချင်း နင်ကိုက်နေတာ သိတယ် လာ ဝန်ဆောင်မှု ရှိတဲ့နေရာတွေ ကို ငါလိုက်ပို့ပေးမယ် လို့ လက်ဆွဲခေါ်လို့ ရတာမဟုတ်ပါ။ သူ့မှာလဲ ဖုံးကွယ်ထားရတဲ့ အကြောင်းအရင်း မိသားစု ကိစ္စလေးတွေ ရှိနိုင်ပါတယ်။ သူအဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် သူ့ဘာသာ အကူအညီတောင်းလာပါလိမ့်မယ်။ အရမ်းနောက်မကျပါစေနဲ့ လို့ပဲ ဆုတောင်းရပါမယ်။

အဓိက ပြောချင်တာ က အကူအညီ မခံချင်တဲ့သူကို အတင်းကြီး ကိုယ်က ကောင်းစေချင်လို့ဆိုပြီး လိုက်မကူညီနိုင်ပါဘူး။ တခါတခါ အကျိုးထက် အပြစ် က ပိုများနိုင်တာမို့ပါ။ သို့သော် HIV ပေါ့စတစ်ဖြစ်တာနဲ့ သေမိန့်ကျတာ မဟုတ်သေးဘူး။ ဆေးပညာတွေတိုးတက်နေတဲ့ခေတ်မှာ ပိုးကိုဆက်မပွားအောင် ထိန်းထားလို့ရပြီ။ ပုံမှန် ဘဝ ကို လူတန်းစေ့ သူများလိုပဲ နေထိုင်နိုင်တယ် အလုပ်ပုံမှန်လုပ်နိုင်တယ် စတာတွေကိုတော့ သိအောင် ပညာပေးပေးပါ။ နောက် အန်ဂျီအိုတွေ က ထုတ်တဲ့ စာစောင်တွေ လက်ကမ်းကြေငြာတွေလဲ ပေးဘတ်ပါ။ သူအကူအညီတောင်းလာတဲ့ အခါမှာသာ ကိုယ်က အသင့်အကူအညီပေးနိုင်ပါစေ။

ခင်တဲ့

တီချမ်း

2 comments:

  1. တီရေ ပေါင်ပေါင်ပါ ..။ အခုမှပဲ တီချမ်းရဲ့ဘလော့ကို ရောက်ဖူးတော့တယ် ။

    ReplyDelete
  2. ပေါင်ရေ
    ဘာပဲဖြစ်ဖြစ်ပါ ခုရောက်ဘူးပြီမှလား
    ဘတ်တန်တာဘတ် ကူးတန်တာကူးပေါ့
    ဟင်းချက်နည်းတွေ နဲ့ သင်္ဘောပေါ်မှာ ချက်စားလဲရတယ်လေ

    ReplyDelete