Friday, February 17, 2012

သခွားသီး အစာသွတ် ဟင်းရည်

အရင်တုံးက “တီချမ်းဟင်းချက်ခြင်း” ဆိုတာကိုရေးရင် နေ့တနေ့မှာစားတဲ့ ဟင်း ၃ ၄ ၅ မျိုးကို တခါတည်း ပိုစ့်တပိုစ့်ထဲ အဖြစ်တင်လေ့ရှိပါတယ်။ ခုနောက်ပိုင်းတော့ စာဘတ်သူ ရှာရလွယ်အောင် ကိုယ်တိုင်လဲရှာရလွယ်အောင် ကက်တဂိုရီ ပြန်ခွဲထားပါတယ်။ အဲ့တော့ နောက်ဆို ဟင်းတွေကို ဆီပျံ ဆိုလဲ ဆီပျံ၊ အရွက်ကြော် အသားကြော် အချိုချက် အရည်သောက် အသုပ် စသဖြင့် အမျိုးအစားခွဲပြီးတော့ တမျိုးစီ ပဲ တင်သွား ပါတော့မယ်နော်။ ဘေူက ”ဘာတွေရှိ”ဆိုတဲ့ ခေါင်းစဉ်မှာ ကြိုက်ရာ ရှာပါနော်။

ဒီတခါတော့ လွယ်ကူ မြန်ဆန် သက်သာ စားကောင်း အရသာ အိုအိရှိ ဖြစ်တဲ့ သခွားသီး ဟင်းရည်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကလဲ အရည်သောက် မရှိရင် အမြဲလို အလွယ်ချက်ဖြစ်တဲ့ ဟင်းရည်ပါ။ တီလဲ ကြိုက်တယ်လေ။ မောင်ကတော့ လုံးဝ မသောက်ပါဘူး။ ကိစ္စ မရှိ ဗိုက်ချင်း ဆက်နေတာမှ မဟုတ်တာနော်။
အရင်ချက်တာ က နှစ်မျိုးပါ အသားလုံးနဲ့ က ဒီမှာ ကြည့်ပြီးတော့ ရိုးရိုးကတော့ ဒီမှာ ကြည့်ပါနော်။

ဒီတခါတော့ ပိုပြီး ရှယ်အောင် ဇွန်းတပ်ပေးလိုက်ပါတယ်။ အသားလုံး ကို ရိုးရိုး မထည့်ပဲ သခွားသီးထဲမှာ ပြန် အစာသွတ်တာမျိုးပေါ့။ တချို့ အသက် ကြိုက်ရင် ထိုင်ဝမ် ကြက်ဟင်းခါးသီးနဲ့လဲအစားထိုးပြီး ချက်လို့ရတယ်နော်။
မြန်မာတွေတော်တော်များများက သခွားသီး ကို တို့စရာအနေနဲ့ပဲ အစိမ်းစားကြတာများတယ်။ တရုတ်တွေက
တော့ အစိမ်းကြော် ချိုချဉ်ကြော်တွေထဲမှာလဲ ထည့်တယ် ဟင်းရည်အဖြစ်လဲ ချက်ကြတယ်။ ကဲ အဲ့တော့ ကြည့်ကြရအောင်နော်......





ပထမဆုံး အစာသွတ်မယ့် အသားကို နယ်ပါမယ် နှပ်ပါမယ်။ အသားတောက်တောက်စင်း ကြိုက်သလောက်ပေါ့
နော် ဆားအချိုမှုန့် ငရုတ်ကောင်း ကော်မှုန့် နည်းနည်းထည့်ပြီး ပဲငံပြာရည်လေး နဲ့ နယ်ထားပါ။ နှပ်ထားပါ။





ပြီးရင် သခွားသီး ကိစ္စ ရှင်းပါမယ်။ ရိုက်ကလစ်နဲ့ သေချာကြည့်လိုက်ပါ အဲ့ဒီ သခွားသီး အရွယ်လတ်လတ် နှစ်လုံး ကို ဘတ် ၅၀ ပေးရပါတယ်။ ဒေါ်လာနဲ့ဆိုရင် အကြမ်းဖျင်း ၁ ဒေါ်လာခွဲကျပြီးတော့ မြန်မာငွေနဲ့ လက်ရှိပေါက်ဈေး ဆိုရင် အကြမ်းဖျင်း ၁၂၀၀ ကျပ်လောက်ကျပါတယ်။ အဲ့တော့ တလုံး ကျပ် ၆၀၀ ပေါ့။ ကတောက်။ ကတောက်။

ပြီးရင် အညှာပါတဲ့ ဘက်ကို သေးသေးလေးလှီးပြီးတော့ အစေးထုတ်ပါ။ ပွတ်လိုက်ပေါ့နော်။ ပြီးရင် အခွံခွာပါ။





အခွံခွာပြီးသား သခွားသီး ကို ပုံမှာ ပြထားတဲ့ အတိုင်း ၄ ပိုင်းပိုင်းပါ သခွားသီး အရွယ်ကိုကြည့်ပြီးတော့ ၃ ပိုင်း ၄ ပိုင်းကြိုက်သလို စဉ်းစားပေါ့နော်။ ပြီးရင် ထမင်းစားဇွန်း အနှောင့်ပိုင်းနဲ့ ရစ်ရစ်ပြီးတော့ အထဲက အစေ့ပိုင်း ကို ကလော်ထုတ်ပါနော်။ ပြီးရင် ပုံ ၃ မှာပြထားတဲ့ အတိုင်း ခုနက နယ်ပြီး နှပ်ထားတဲ့ အသားကို သွတ်ပါ။





ဒီလိုလေးတွေရမယ်နော်။





ကိုယ်လိုချင်သလောက် အိုးလေးနဲ့ ရေတည်ပါ။ သခွားသီးတွေကို တခါတည်း ထည့်တည်ပါ။ ဝက်သားပါတဲ့ အတွက် ရေဆူလာရင် အပေါ်မှာ အဆီအနှစ်လေးတွေ တက်လာပါမယ်။ ဇွန်းနဲ့ခပ်ထုတ်ပေးပါနော်။ ရေက
တော်တော်ကို ဆူလာပြီဆိုရင်တော့ မီးငြိပါမယ်။ သေချာကြည့်ပါနော် တီချမ်းတို့ ရဲ့ မဟာဟင်းရည်ကြည်အောင် တည်နည်းပါပဲ။ ဆူလာပြီဆိုတာနဲ့ အိုးကို အဖုံးမဖုံးတော့ပါဘူးနော်။





ပြီးရင် မီးကို ပုံ ၁ ကနေ ပုံ ၂ လို ညှိပြီး ပြောင်းပေးပါ။ ပြီးရင်တော့ မီးအေးနဲ့ ဆက်ပြီးတော့ အရည်ကျတဲ့ အထိ
တည်ပေးထားပါ။ ဆား အချိုမှုန့် လိုသလို ကြည့်ထည့်ပါ။





သောက်ခါနီးကျမှ ပန်းကန်ထဲကို ငရုတ်ကောင်းလေး နည်းနည်းဖြူးလိုက်ရင် အရသာရှိတဲ့ သခွားသီး အစာသွတ် ဟင်းရည် ပူပူ တခွက်ရပြီပေါ့။ တီကတော့ အဲ့နေ့ က သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာ ပုံမှာ ပြထားတဲ့ ပန်းကန်လုံး ၄ လုံး သခွားသီး ၄ ပိုင်း ကုန်သွားတယ်။ ညကျတော့ ဗိုက်တောင် နည်းနည်း နာချင်တယ်။

မောင်ကပြောတယ် သခွားသီး က အအေးစာတဲ့ သတိထားစားကြနော်။

A Chen
5:34 PM
17th Feb 2012
Friday
Home
Bangkok

6 comments:

  1. သခွားသီးဆို တို.စရာပဲထင်တာ
    တီချမ်းရေ ဟုတ်တယ် စင်ကျားပူမှာလဲ
    ကြက်ဟင်းခါးသီးကို စွပ်ပြုတ်ထဲထည်.တာလေ
    သိပ်တောင် မကျက်ဘူး ခပ်စိမ်းစိမ်းပဲ

    ReplyDelete
  2. ခရစ္စတလ်February 17, 2012 at 7:51 PM

    တီရဲ့ မောင်နဲ့ သခွားသီး မတည့်ဘူးနော်။
    သခွားသီးကို ဂျွတ်ကနဲ့ ဂျွမ်းကနဲ စားချင်ပေမယ့် ကျန်းမာရေးကြောင့် မစားဖြစ်ပါဘူးဟယ် :(
    အဲလို ဟင်းရည်မျိုးတော့ သောက်ချင်တယ်၊ သခွါးသီးအစား အခြားဘာသီးနဲ့ စားရင်ကောင်းမလဲဟင် ^_^

    ReplyDelete
  3. ကျောက်ဖရုံသီး နဲ့စမ်းကြည့်ပါလား သူက လူနဲ့တည့်တယ်လေ

    ReplyDelete
  4. Hi T,
    Is there have any online shop (facebook) from Thailand for lady's fashion wear? I really appreciate to read your blog everyday :)

    ReplyDelete
  5. ဟုတ်တယ် သခွားသီးကို တို့ပဲစားဖူးတာ။ အဲလိုမျိုးမချက်ဖူးဘူး။

    ReplyDelete
  6. ဆော်ရီးပါ အနောရေ တီက အဲ့တာတွေသိပ်မသိပါဘူး

    ဟုတ်တယ် အီဗီ တော်တော်များများက သခွားသီး ကို အစိမ်းပဲ စားကြတာ

    ReplyDelete