Thursday, February 16, 2012

သုမ့်ဆပ် စီးခုံ မူ

ပြောရအုံးမယ် အရပ်ကတို့ရေ တနေ့က ပေါ့ တီချမ်း ပါရာဂွမ်ရောက်တာနဲ့ အသင့်စား အထုပ်လေးတွေ့လို့ဝယ် လာပါတယ်။ သူက မျိုးစုံကိုရှိတာ သုမ့်ယမ်း (တုမ်ယမ်း မဟုတ်ပါ) အတွက်တို့ အရွက်ကြော်ဖို့အတွက်တို့ ဆူကီ အတွက်တို့ သင်္ဘောသီးထောင်း အတွက်တောင် ရှိတယ် တကယ်ပဲ။ ဒီက လူတွေအချိန်တော်တော် ဆင်းရဲတာပဲ လား ပျင်းတာပဲလား ဒုတိယ တခုပိုဖြစ်နိုင်ချေရှိတယ်။ ထားတော့။ အဲ့လို အသင့်စား အသင့်ကြော် အသင့်ပြုတ် အထုပ်တွေက အဲ့လို အမျိုးကို စုံပါတယ်။ တီက တနေ့က အမ လာတုံးက (စာမကျေသူများ ဒီမှာ ပြန်ဖတ်ကြကုန်) လမ်းဘေးမှာ သွားစားတဲ့ ထိုင်းမြောက်ပိုင်း ကြက်ချဉ်စပ်ဟင်းရည်ကို မောင်ပါစားလို့ ရအောင် ဝက်နံရိုးနဲ့ ချက်ပေး မယ်မှန်းထားတာ အခု ပါရာဂွမ်မှာ အဲ့လို အသင့်အထုပ်လေးတွေ့တော့ ချက်ဖြစ်ဖို့ဖြစ်လာပါတယ်။ လွယ်လဲလွယ် စားလို့လဲကောင်း ပူပူစပ်စပ် ရှုးရှဲုချဉ်စပ်ဆိုတော့ နေမကောင်းတဲ့ အခါများ သောက်လိုက်ရင် တခါတည်း ပျောက်
လောက်တယ် အဖျား ပြောတာနော် အသက်မဟုတ်ဘူး။ ထားတော့။ ခုန က စကားကို ပြန်ဆက်မယ်။ ခေါင်းစဉ် ကိုသေချာကြည့်ပါ။ သုမ့်ဆပ် စီးခုံမူ နော် အစက သုမ့်စပ် ဆီးခုံ မူ လို့ပေါင်းထားတာ ခေါင်းစဉ်တပ်ပြီးတော့ ကိုယ့်ဘာသာ တမျိုးကြီးဖြစ်ပြီး ရယ်ချင်လာလို့ ဆလိမ်ကနေ စလုံးကို ပြန်ပြောင်းလိုက်တယ် (စင်္ကာပူ မဟုတ်)။
ကဲ ခြေဆင်းတွေ ရှည်နေပြီ........စလိုက်ကြစို့နော်။





အမ် သုမ့်စပ်စီးခုံ မူ ဆိုပြီးတော့ ဘာကြီးလဲ လို့အပြစ်တင်မစောပါနဲ့။ တီချမ်း ထုံးစုံ အိမ်ရောက်တာနဲ့ ဗိုက်ကဆာ ဆာမှာပေါ့ ရုံးမှာ တနေ့လုံး ဘာမှ မှမစားတာ ဘယ်စားမလဲပိန်ချင်တာကိုး ပိန်တော့ဘာဖြစ်လဲ ပိန်တော့ ဘလောခ်ဘတ်တဲ့သူတွေ မနာလိုဖြစ်တာပေါ့ ပိန်တော့ လှတာပေါ့ စသဖြင့် ပေါက်ပင်နဲ့ဗျိုင်းပြီးသကာလ..... ရှည်သည့်စကားကို တိုအောင် တိုသည့်စကားကို ပို၍တိုအောင် ပြောရရင် တီချမ်း အိမ်ရောက် ဟင်းမချက်ခင် စနက်ခ်စား ဖြစ်ပါ တယ်။ ဘာစားလဲကြည့်ရအောင်နော် ဘယ်လိုတွေစားသလဲ မမေးပါနဲ့ တီချမ်းက တရုတ် မြန်မာ လီရှော စပ်ထားတာပါ။ မွေးတော့ ကျိုင်းတုံမှာ မွေးပြီး ကြီးတော့ ရန်ကုန်မှာကြီးပါတယ် မြန်မာပြည်
တွင်းမှာကို ကျိုင်းတုံ တောင်ကြီး တာချီလိတ် လားရှိုး စတဲ့ ရှမ်းမြို့တွေမှာ နေခဲ့ဖူးသလို ရန်ကုန် မှာကြီးတော့
မြန်မာအစားအစာ ကိုနှစ်သက်ပါတယ်။ တရုတ်ဖြစ်တဲ့ အတွက် တရုတ်စာကြိုက်ပါတယ် ဂျပန် ကိုရီးယား စာတွေ လဲရောက်ဖူး စားဖူးတော့ ကြိုက်ပါတယ် ဘိုစာတော့ သိပ်မကြိုက်ပါ။ ကုလားပြည်ရောက်ဖူးတော့ ကုလားစာလဲ ကြိုက်ပါတယ်။ (အော် သူများ သားသမီးတွေများ မကြုံကြုံအောင်ကြွားတတ်လိုက်ကြတာနော် တီချမ်းတော့ အဲ့တာမျိုးမပြောတတ်ပေါင်အေ ငတို့က ရိုးသာရယ်) လေကြောရှည်နေတာနဲ့ ရေးတာတောင် ဘယ်ရောက်မှန်းမ သိ အော် အစာပြေစားတာ ကိုပြောနေတာ ကဲ ခုနက လေကြီး လေကျယ်တွေပြောပြီးသကာလ စားတာကိုကြည့် လိုက်တော့ TADA........ပြောသားပဲ တီချမ်း က အစုံစား သတ္တဝါပါဆို တကယ်ပြောတာပါ အရင်တိုးဂိုက် လုပ်တုံး ကဆို သင်းခွေချပ်၊ လင်းနို့ မြွေ စတာတွေပါ စားဖူးတာပါ။ ကောင်းတယ် ကြိုက်လဲကြိုက်တယ်။ သော်တာဆွေ့စာ
တွေဘတ်ရင်လဲ လယ်ကြွက်တွေ ထန်းရေစိမ်ပြီး ချက်တဲ့ နွားမဒမ်း ပေါင်တွင်းသားတွေမျက်စိထဲမှာကိုသေသေ ချာချာကွက်ကွက်ကွင်းကွင်း မြင်ယောင်လာတယ်။ (ဆရာ စာရေးကောင်းတာက တပိုင်းပေါ့) ဘာတဲ့ “a reader without imagination is blind reader” ဆိုလားဘာလားပဲ ပြောကြတယ်နော်။ ကဲပြောလေဝေးလေ မန်းလေ
ပြဲလေ ဆိုတာလို ဖြစ်နေပြီနော်။ (အဲ့ဒီ မန်းလေးပြဲလေ ဆိုတာကို ခဏခဏ ဘတ်ဖူးတယ် ဘာပြောချင်မှန်းမသိ ဘူး) မောင်ကိုမေးကြည့်တော့ မောင်က...“ပြောမရဘူး လို့ ပြောတာတဲ့” ပြီးတော့ ထပ်ဖြည့်တယ် နင့်လိုပေါ့တဲ့
နောက်ထပ် ထပ်ဖြည့်တယ် “အသိခေါက်ခက် အဝင်နက်”တဲ့။ ထားတော့ တီချမ်းတို့များ စကားကြောတွေ ရှည်နေ
လိုက်တာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင်မသိတော့ဘူး။ အစုံစားသတ္တဝါ အကြောင်းပြောနေတာ။ ကြည့် ရအောင်။ အစာပြေ တီချမ်း ဘာစားလဲလို့ ရှိတာစားတာပေါ့နော် ကိုယ်က ဂျီးများတဲ့သူမှ မဟုတ်တာ။





အိမ်ပြန်ရောက်တော့ ကြည့်လိုက်တော့ ပေါင်မုန့်ရှိတယ် ပုံ ၃ (ဘေးသားမပါဘူး) ပုံ ၂ ဆိတ်သားခြောက် တံဆိပ် အရီးတောင်း ဆီဆမ်း စိုးမြတ်နန္ဒာ လင်မရခင်က ရီဝေယံနဲ့ ကြော်ငြာတာ နောက် ပုံ ၁ ကိုယ့်ဘာသာ အိမ်မှာလုပ် တဲ့ ရှမ်း မုန့်ညှင်းချဉ် အဲ့တာက တလောက လွယ်ကူစားမြိန်နဲ့ ခရမ်းနွယ်တို့ အသုပ်စုံ လာ လုပ်စားကြတုံးက လုပ်
ပေးသွားတာ။ နည်းက တီ့နည်းပဲ ဒီမှာ ပြန်ကြည့်။





ဒါလေးက ယောက္ခမ (မောင့်အမေ) လုပ်ပေးတဲ့ ငပိကြော် ဘာလချောင်ကြော် ကြိုက်သလိုခေါ် စားတာက တီချမ်း ပေါင်မုန့်ကြားထဲငပိကြော်ညှပ်ထည့်ပြီးတော့ ကိုက်ကိုက်စားတာပါ။ ငယ်ငယ်လေးထဲက မေနဲ့ဖေသင်ပေး ထားတာ။ ဘေးက ရေနွေးကြမ်း။ ပြီးတော့ တခါတခါ တူလေးနဲ့ ဆိတ်သားခြောက် နဲ့ မုန်ညှင်းချဉ်လေးကို တရုတ် လို ညှပ်ညှပ်စားတာပေါ့။ မိုက်ဒလယ်နော်။

နည်းနည်းလေးထပ် လျှာ ရှည်အုံးမယ် တီချမ်း မိုတို နောက်တခုကိုက “လျှာရှည်လေ တွေ့ရှိလေ” ဆိုတာကိုးနော်။ မောင်ပေါက်ကျိုင်းလိုမျိုး မေးပါများ စကားရ သွားပါများ ဖိနပ်ပွန်း မအိပ်မနေ အိပ်ရေးပေ တွေ မဟုတ်ဘူးနော်။ အလကားပြောတာ ပိုစ့်ကို ရှည်အောင် ချဲ့ရေးနေတာ တဝကြီး ဘတ်ရအောင်လို့...... ကဲ လျှာကို စိတ်ကြိုက် ရှည်ပြီးသကာလ မှာတော့ လာပါပြီ .......

သုမ့်စပ် စီးခုံ မူ ဆိုတာ ကိုအရင် ရှင်းပြပါမယ်။ သုမ့် ဆိုတာကတော့ ထိုင်းလို အပြုတ် ဟင်းရည်မျိုး ကိုပြောတာပါ။
သုမ့်ယမ်း သုမ့်စပ် စသဖြင့်ပေါ့ စီးခုံ ဆိုတာက ဝက်နံရိုးပါ မူက တော့ ဝက်ပေါ့ ပေါက်တယ်နော် အဲ့တော့ ဝက်နံရိုး နဲ့ ချဉ်စပ် ချက်ထားသော ဟင်းရည် တမျိုး လို့ အဓိပ္ဗာယ်ရတာပေါ့ကွယ်။ ဆိုင်မှာ အဲ့လိုပြောမှာရင် မြောက်ပိုင်းစာ
ရောင်းတဲ့ ဆိုင်တွေမှာ ရပါတယ်။ အိုကေ ရှင်းပြလို့ပြီးပြီဆိုတော့ ချက်ကြရအောင်နော်။





တီထင်တယ် ဒီအသင့်ပြုတ် အထုပ်က သုမ့်ယမ်း အတွက်လဲ ချက်လို့ရအောင် လုပ်ထားတာ။ တီကတော့ သုမ့်စပ်
ပဲချက်လိုက်တယ် မောင်က သုမ့်စပ် ပိုကြိုက်လို့ နောက်ပြီး အိမ်မှာလဲအသင့်စား သုမ့်ယမ်း အနှစ်မရှိလို့ နောက်
ကြုံတဲ့အခါကျတော့ ထပ်ချက်ပေးမယ်လေနော်။ ကတိပေးတာတွေများနေပြီ။ ပါဝင်ပစ္စည်းတွေက ဂျင်းစိမ်းနဲ့ မတည့်တဲ့ မိတ်သလင် တရုတ်ကြီး နဲ့ မတည့်တဲ့ ငရုတ်သီး အခြောက်ကြီးကြိုက်တဲ့ ရှောက်သီးရဲ့အရွက် မသုံးရင် မဖြစ်ဖူး ဆိုတဲ့ အုန်းပင်ရဲ့ အဖူး နဲ့ မငြင်းအခုထည့်ရမယ့် ဂျင်းနုတက် တို့ပဲ ဖြစ်ပါတယ်။ ကဗျာဆန်ချက်နော်..... တီချမ်း အခု အလုပ်မလုပ်ဖြစ်တော့ရင် အငြိမ့်ထဲလိုက်ပါမယ်။ သီးလေးသီး လိုမျိုး ကြီးလေးကြီး ဆိုပြီး တော့ပေါ့





ဂျင်းနုတက် ကို ချက်မယ့် အိုးထဲထည့် ငရုတ်သီး ရှောက်ရွက်တွေကို ပါးပါးလှီးထည့် မိတ်သလင်ထည့် အုန်းဖူးလဲ
ထည့် ပြီးတော့ အိုးကို အသင့်ပြင်ထားပါ။





ဝက်နံရိုးတွေကိုတော့ အရင်တင်ကြိုပြီးတော့ တီချမ်းရဲ့ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ “မဟာဟင်းရည် ကြည်အောင်တည်နည်း” အတိုင်း တည်ထားပါ။ ဆား အချို အပေါ့ မြည်းထားပါ။





ပြီးရင် ပထမအဆင့်အနေနဲ့ ခုနက ပြင်ထားတဲ့ အိုးထဲကို ဟင်းရည် ကိုယ်လိုချင်သလောက် ထည့်ပြီး တည်ပါ။ အိမ်မှာ ခရမ်းချဉ်သီး ရှိရင် အလုံးသေးရင် ထက်ခြမ်းခြမ်းထည့်ပါ ကြီးရင် လေးစိပ်ပေါ့။ နောက်တော့ ဆူအောင် တည်ပေးပါ။ အိုချခါနီးကျရင် နံနံပင် တစည်းလောက် ပစ်ထည့်လိုက်ပါ။





ဟင်းရည် တည်ခင်းမယ့် ပန်းကန်လုံးထဲမှာ ငရုတ်သီး အစိမ်းမှုန့် ဆား အချိုမှုန့် သံပရာရည် တို့ ကို အသင့်ပြင် ထားပါ။ ပွက်ပွက်ဆူနေတဲ့ ဟင်းရည် ကိုပန်းကန်ထဲ လောင်းထည့်လိုက်ရင် တီချမ်း ရဲ့ နောက် မိုတို တခုအတိုင်း
လွယ်ကူ သက်သာ မြန်ကောင်း အရသာရှိ တဲ့ သုမ့်စပ် စီးခုံမူ တခွက် ရပြီပေါ့နော်။ တီ့လို အကျင့်မကောင်းရင် ဟင်းရည်ချည်းပဲ ဒီအတိုင်း ထိုင်သောက်သောက် မောင့်လို ထမင်းလေးနဲ့ စားစား အိုကေမှ အိုကေ အိုအိရှိ ပြီး
ကောင်းမှကောင်းပဲပေါ့နော်။

အကြံအစည် အခုခုတော့ ရှိရမယ် ........ဟမ်း........ခေါင်းမှခေါင်း သုမ့်စပ်စီးခုံ မူ................

A Chen
4:33 PM
Thursday
16th Feb 2012
Home
Bangkok

11 comments:

  1. ဗိုက်တောင်ဆာတယ်
    တီချမ်းတို့ ရိုးသာအေ မကြွားတတ်မဝါတတ်လိုက်သာမှ နိုင်ငံပေါင်းကိုစုံနေတာဖဲ ... :P

    ReplyDelete
  2. စုစုပေါင်း ၁၁ ခု အဲ့တာ ကိုရီးယားသွားတုံးက သူတို့ က လစ်လုပ်ခိုင်းလို့ လုပ်လိုက်တာ

    ReplyDelete
  3. I totally agree with Vista
    Can you teach us yours traditional family clear soup making as well
    thanks TT Chen

    ReplyDelete
  4. မြင်ရတာဗိုက်ဆာတယ်။ ခုချက်ချင်းတောင် စားချင်တယ်။

    ReplyDelete
  5. စီးခုံထက် ကြီးလေးကြီးကို စိတ်ဝင်စားသွားတယ်...ဟဟဟ။
    တီချမ်းခမျာ မကြွားတတ်ရှာပါဘူးးးး
    အိုးထဲက အတွန့် အတွန့်လေးတွေက လာတွေလဲ။။ အာလူးကြော်တွေလိုလို....း)

    ReplyDelete
  6. ညည်းနှယ်အေတော်တော်စား၊တော်တော်ချက်၊တော်တော်ချွှဲ၊တော်တော်ကဲ၊တတ်လဲတတ်နှိုင်တဲ့တီချမ်းနော်။ မြကျေး

    ReplyDelete
  7. မန်းလေပြဲလေဆိုတာက ဟိုးတုန်းက တိုင်းရင်းဆေးဆရာတွေနဲ့ ကုကြတော့ အနာပေါက်တဲ့အခါ ဆရာကမန်းမှုတ်လေ အနာကမပျောက်ပဲ ပိုလို့တောင်ပြဲထွက်လေမို့ ဆရာမနိုင်ဖြစ်နေတာကို ပြောတာပါ တီချမ်း :P

    ReplyDelete
  8. ano-1) check it out at here for the soup secret recipe
    http://chenaddy.blogspot.com/2009/06/s.html

    ဒေါ်ချစ်က စလုံးမှာ ရုံသွင်းမလို့လား အာလူးကြော်လို အတွန့်လေးတွေက အုန်းဖူးလေ

    အီဗီ ရေ စားချင်ရင် ချက်စားပေါ့ ကွယ် လွယ်ကောင်းသက်သာ မြန်ဆန် အရသာရှိလေ

    အားကျနေတာလား မိမြကျေး ငှဲငှဲ မကြောက်ပါနဲ့ ဗိုလ်အောင်ဒင် ဘောင်းဘီ ချွတ်တာ ရှုရှုးပေါက်မလို့နေမှာပါ ညှင်းညှင်း

    အနော ၂) ရေ ခုတော့ ပေါက်ပြီ ကျေးဇူးပါပဲ ရှေးဆရာတွေကလဲနော် ပြဲနေတာ ကို မန်းမှုတ်နေတယ် grey's anatomy ချုပ်ပလိုက်ပြီးရော

    ReplyDelete
  9. Have you been to Australia yet?
    Come ..., Aussie BBG is the best

    ReplyDelete
  10. no haven't i have a plan to visit friends there, what's BBG...?

    ReplyDelete
    Replies
    1. You definitely should come. BBG = barbecue : )

      Delete