Sunday, February 26, 2012
မောင့်အတွက် .....
ဒီတခါတော့ တနေ့က မောင့်အတွက် စိတ်လိုလက်ရ ချက်ပေးတဲ့ ဟင်းလေးတွေ တင်ပေးချင်ပါတယ်။ အဲ့ဒီနေ့က ဘာစိတ်ကူးပေါက်လဲတော့ မသိဘူး .....အော် မှတ်မိပြီ မောင် သိပ်နေမကောင်းလို့ အဲ့တာနဲ့ မောင် ကြိုက်တဲ့ ဟင်းလေးတွေ ချက်ပေးမယ် လို့ စဉ်းစားမိတာ။ များသောအားဖြင့် အိမ်မှာက မောင်ပဲ ချက်တာ ဆေးတာ လျှော်
တာ ဖွတ်တာတွေ လုပ်ပါတယ်။ အဲ့နေ့ကတော့ မောင်လဲနေမကောင်းတာနဲ့ ကိုယ်လဲ စိတ်လိုလက်ရရှိတာနဲ့ လုပ် ပေးဖြစ်တာပေါ့။ မောင်ကလဲ ပြောလို့ ပြောတာ မဟုတ်ဘူး ကိုယ်ချက်ကို ပိုကြိုက်ပါသတဲ့။ ချစ်လိုက်ကြတာ
နော် သူများ လင်မယားတွေများ။
မောင်က ယူနန်စတိုင်လ် ဝက်သားမုန်ညှင်းချဉ်ကြော်ကို သိပ်ကြိုက်ပါတယ်။ ဒီက တရုတ်ဆိုင်တွေမှာ သွားစားကြ တိုင်းမောင်က အဲ့တာ နဲ့ မာလာငါး ကိုအမြဲ မှာပါတယ်။ အဲ့တာနဲ့ ဝက်သားမုန်ညှင်းချဉ်လေး ကြော်ပေးမယ် ဆိုပြီး
တော့ အိမ်မှာလဲ ဝယ်လာတဲ့ ဝက်သား တောက်တောက်စင်းတွေရှိနေတာနဲ့ မုန်ညှင်းချဉ် ရှာတော့ အိမ်မှာ အသင့် ရှိတာက မုန့်ညှင်းချဉ် အချိုချဉ်ဖြစ်နေတယ်။ ရှမ်းမုန်ညှင်းချဉ်က အချိုနဲ့အချဉ် နှစ်မျိုးရှိပါတယ်။ အမှန်က ဝက်သား နဲ့ ကြော်မယ်ဆိုရင်တော့ အချဉ်က ပိုကောင်းပါတယ်။ သို့သော် အိမ်မှာ ရှိတာပဲပေါ့နော်။ အရင်ကလဲအမေကြော် တာကို တခါတင်ဖူးပါတယ်။ ဒီမှာ ပါ။ ခုတော့ ဟင်းချက် ဘလောခ် အတွက် ပိုစ့်တွေ ပြန် အော်ဂနိုက်ဇ် လုပ်နေရ တာနဲ့ ပြန်တင်လိုက်တယ်နော်။ ကဲ ချက်မယ့် ဟာတွေကို ကြည့်ရအောင်....
ဝက်သား တောက်တောက်စင်းကို ဆား အချိုမှုန့် ပဲငံပြာရည်အကြည် ကော်မှုန့်စတာတွေနဲ့ နယ်ပြီး နှပ်ထားပါနော်
ပြီးတော့ ထည့်ကြော်မယ့် မုန်ညှင်းချဉ်ကိုလဲတောက်တောက်စင်းထားပေးပါ။
ငရုတ်သီးခြောက်ကို ရေဆေးပြီး အညှာ ခြွေထားပါ။ခရမ်းချဉ်သီး နှစ်လုံးလောက်ကို လေးစိတ်လှီးထားပါ။
နောက်ထပ်လိုမှာကတော့ ကြက်သွန်ဖြူ နည်းနည်းပါ ဓါးပြားရိုက်ရင် ရိုက်ထား မဟုတ်ရင်လဲ စိတ်စိတ်လေး လှီး ထားပါ။ ကဲပြင်စရာရှိတာတွေပြင်ထားပြီးရင်တော့ ကြော်ပါမယ်။ စလိုက်ကြရအောင်နော်....
အိုးထဲကို ဆီထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ကြက်သွန်ဖြူ နဲ့ ငရုတ်သီးခြောက်ကို အရင်ကြော်ပါနော်။ ငရုတ်သီးက ဆီပူလာတာနဲ့ တူတူ မွှေးလာပါမယ်။ ငရုတ်သီးခြောက်ကို ဆီပူလာမှ ထည့်ရင် တူးသွားတတ်လို့ သတိထားပါနော်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီး ရပြီ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီးတွေကို နည်းနည်းနွမ်းတဲ့ အထိ ကြော်ပေးပါနော်။
ခရမ်းချဉ်သီးတွေနွမ်းပြီဆိုရင်တော့ ဝက်သား ခုနက နယ်ပြီး နှပ်ထားတာကိုထည့်ပါ။ ပြီးတော့ ဒယ်ပြား နဲ့ ချေပေး ပါနော်။ တီကတော့ မကပ်တဲ့ အိုးသုံးလို့ သစ်သား ယောင်းမဲ့ မွှေပါတယ်။ ဝက်သား ရပြီဆိုရင်မုန်ညှင်းချဉ်
တောက်တောက်စင်းထားတာကို ထည့်ပါနော်။ ပြီးရင်တော့ ဆား အချို မှုန့် နည်းနည်းထည့်ပါ ပြီးရင် အိုးမချခင်
နောက်ပြီးတော့ သကြားလေးကို လက်ဖဝါးထဲ စဉ်းငယ်ခန့်ထည့်ပြီးတော့ ဖြူး ချလိုက်ပါနော်။ အသားမကျက်မှာ စိုးရင် ရေနည်းနည်းလေး ထည့်ပေးပါ။ ရေခမ်းသွားရင်တော့ အရသာမြည်းကြည့်ပြီး အိုကေရင် ချလို့ရပါပြီနော်။
ကဲ မောင့်အကြိုက် အရသာရှိတဲ့ အိုအီရှိ ဝက်သားမုန်ညှင်းချဉ်ကြော်တပွဲရပြီပေါ့။
ကဲ အသားဟင်းတပွဲတော့ ရပြီဆိုတော့ အရွက်ကြော်လေးတခုလဲ လုပ်ပေးအုံးမှပါပဲနော်။ ရေခဲသေတ္တာထဲကြည့်
လိုက်တော့ ဂေါ်ဖီထုပ်သေးသေးလေးတွေ တွေ့ပါတယ်။ အဲ့တော့ အမြန်ပဲ ထက်ခြမ်းလှီးပြီးတော့ ခရုဆီလေးနဲ့ အမြန်ကြော်ပေးလိုက်ပါတယ်။ ထက်ခြမ်းခြမ်း ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူလေးတွေကိုလဲ ဓါးပြားရိုက် ထားမယ်နော်။ နောက် တရုတ်နည်းနဲ့ ကြော်မှာဆိုတော့ ငရုတ်သီးကိုလဲ နည်းနည်းထည့်ပါမယ်။ ခုနလိုပဲ ငရုတ် သီးခြောက်နဲ့ ကြက်သွန်ဖြူ ကို အရင်ကြော်ပါ မွှေးလာရင် တခါတည်း ဘေဘီ ဂေါ်ဖီလေးတွေ ထည့်လိုက်ပါ။ ဆား အချိုမှုန့် ထည့် ပြီးတော့ ကျက်ခါနီးရင် ခရုဆီနည်းနည် ထည့်လိုက်ရင် ရပြီပေါ့နော်။
တခုသတိထားရမှာက အစိမ်းကြော်ကို မီးပြင်းပြင်းနဲ့ ခဏလေးပဲ ကြော်ပါ ကြာကြာကြော်ရင် အရွက်နွမ်းပြီး စားမ
ကောင်းပါဘူးနော်။ မြင်ဘူးတယ်မှလား ဟောင်ကောင်စားဖိုမှုးတွေ ကြော်တာလေ ရွှီးရွှီးရွှမ်းရွှမ်း ဆိုပြီးတော့ မီး
ပြင်းပြင်းနဲ့ ခပ်မြန်မြန်ကြော်ချလိုက်ဖို့ပါပဲ။ ဒီမှာလဲ အရင်က တခါ ဘေဘီ ဂေါ်ဖီကို မှိုနဲ့ ကြော်ဖူးပါသေးတယ်နော်။
ကဲ အရွက်ကြော် ပူပူလေးလဲရပါပြီနော်။ အရွက်ကြော် နဲ့ ဝက်သားနဲ့ ဆိုတော့ အအီပြေအောင် မောင့်အတွက် ဘိတ်ချဉ်လေးလဲ လုပ်ပေးပါအုံးမယ်။ မောင်က အချဉ်တွေအစပ်တွေ ကြိုက်တယ်လေနော်။ ပြီးတော့ ဘေဘီ
ဂေါ်ဖီ က ဘိတ်ချဉ်နဲ့ သိပ်လိုက်တယ်။ မစားဘူးရင် လုပ်စားကြည့်ကြ။
ဘိတ်ချဉ်ကတော့ လွယ်လွန်းပါတယ် သို့သော် လွယ်တိုင်းလဲ အစပ်အဟပ်ကောင်းမှ အရသာရှိတာနော်။ လွယ်တိုင်း ကောင်းတာမဟုတ်ဘူး။ လုပ်ရတာကတော့ မခက်ပါဘူး ကြက်သွန်ဖြူ ကို အကွင်းလေးတွေပါးပါးရ
အောင်လှီး ငရုတ်သီးစိမ်း ကို ညက်ညက်လေးရအောင် ဓါးနဲ့ တောက်တောက်စင်း ပြီးတော့ ပန်းကန်လုံးထဲ ရော ထည့် ပဲငံပြာရည်အကြည်လေး စမ်း သံပရာသီးလေး ညှစ် ဆား အချိုမှုန့် နည်းနည်းထည့်လိုက်ရင် အရသာ ရှိတဲ့ ဘိတ်ချဉ် ရတာပေါ့။ ပြီးတော့ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ တို့တို့ ပြီးစားရင် စူပါရှယ်ပါပဲနော်။
အော် မေ့တော့မလို့ မောင်က အဲ့နေ့က အရမ်းစားကောင်းတယ်ဆိုပြီး စားတာ ထမင်း ၃ ပန်းကန်တောင်ကုန် တယ်။ ကျေနပ်တယ်အေ။
ဒါလေးကတော့ တနေ့က ဖေဖော်ဝါရီ ၁၄ တုံးက အမှတ်တရ ချစ်သက်လက်ဆောင်အဖြစ် မောင်ပေးတဲ့ စတားဘတ်ခ် က ကော်ဖီနှပ်တဲ့ အိုးနဲ့ ရေနွေးကြမ်း နှပ်သောက်ပါတယ်။ ရေနွေးကို ပီပီသသ သောက်ချင်တဲ့ အတွက် ခဏခဏသွားစားလို့ လက်ဆောင်ရတဲ့ ဖူဂျီ ဂျပန်ဆိုင်က ကြွေခွက်လေးနဲ့ သောက်ပါမယ်။ ရေနွေးက
တော့ လစ်ပ်တန်ပါပဲ။ အထုပ်က ဂျပန် ဂရင်းတီးပါ မသောက်ဖြစ်ဘူးနောက် တခေါက်မှ သောက်မယ်။
ခွက်တံဆိပ် ကိုကြည့်ပါ။ သူက ပိုမိုက်တယ် ကြွေ စစ်စစ် ဖြစ်တဲ့ အတွက် အပူထိန်းပေးတာကော အအေးမမြန် တာကော မဲတာကတော့ ရေနွေးက ပြင်းသွားလို့ပါ လစ်ပ်တန် တထုပ်ကို ရေ တလီတာတောင် မဲပါသေးတယ်။ ပြောရအုံးမယ် မောင်ကရေနွေးမသောက်ဘူး သောက်ခဲတယ်။ ကိုယ်တယောက်ပဲ သောက်ရတာ
အဲ့တာနဲ့ နောက်နေ့ကျတော့ ချုပ်ပါလေရော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော် တော်ပြီ။ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ စားကြည့်ဖို့ မမေ့နဲ့နော်။
A Chen
3:07PM
Sunday
26th Feb 2012
Phavina Service Apartment
Rayong
THAILAND
14 comments:
  1. ခရစ္စတလ်February 26, 2012 at 3:22 PM
    ဝက်သားတောက်တောက်စင်းပုံကို ထမနဲအောက်မေ့လို့ လာငမ်းတာ :(
    ReplyDelete
    Replies
    1. အခုမှ လာကြည့်ဖြစ်တာ .. အစုံပဲနော်. ..တီတီချမ်းက :)
      Delete
  2. စိတ်ချပါ
    စမ်းစားကြည့်ပါ့မယ်
    ဆူရှီလုပ်နည်း တင်ပါဦး
    ReplyDelete
  3. Facebook account ရှိလား။ရှိရင်ပြောပြပါလား။ ကျွန်တော် add ပါရစေ။
    ကဗျာတွေလည်းကောင်းတယ်။ ဟင်းလက်ရာတွေလည်းကောင်းတယ်။
    billionchan Chan Nyein (ချမ်းငြိမ်းထွန်း)။ဆိုတာကျွန်တော့ facebook account ပါ။
    လေးစားစာဖြင့်
    ReplyDelete
  4. crystal
    yes it does looks like hta ma nae'
    ano 1) thanks i will also try shushi coz i also like it will ask my sister in japan and so some OK
    ano 2) thanks for visiting
    i do have FB account but NOT active cheers
    ReplyDelete
  5. မောင်မောင်February 26, 2012 at 6:55 PM
    မသေချာမှာ စိုးလို့ ၂ခေါက်ပြန်ဖတ်တာ သေချာသွားပြီ...
    နောက်ပြီး ငြုတ်သီးခြောက်က ဆီပူရင် မွှေးလာတာမဟုတ်ဘူး
    ညှော်လာတာလို့ ထင်ပါတယ်။
    မောင်နေကောင်းလာရင် ပြောဦးနော်......
    ReplyDelete
  6. ပြင်လိုက်ပါပြီမောင်မောင်
    ငရုတ်သီးက မွှေးလာရင် ကျန်တာ ထည့်တော့လေ တူးတဲ့ အထိမစောင့်နဲ့ ဟုတ်ပလား
    မောင်က အဲ့နေ့ကတည်းက တီချက်တာစား ပီတီတွေပွားပြီး နေကောင်းသွားပြီ
    ReplyDelete
  7. Thanks for your 'Bate Chin' recipe. I'll try it.
    WD
    ReplyDelete
  8. တီချမ်း..,
    ယူနန်စတိုင်လ် ဝက်သားမုန်ညှင်းချဉ်ကြော်ကြိုက်တယ်။.
    ဟင်းလက်ရာတွေလည်းကောင်းတယ်။
    ချက်ကြည့်ပါဦးမယ်။
    ReplyDelete
  9. ဟင်းတွေ လာကြည့်ပါတယ်..
    ReplyDelete
  10. မြန်မြန်တင်ပါတီတီချမ်းရဲ့တကယ်စောင့်တဲ့အချိန်...မြကျေး
    ReplyDelete
  11. တီချမ်းရေ
    ရှမ်းပြည်ကငါးပေါင်းတမျိုးရဲ့ချက်နည်းကဂိုမေးချင်ပါတယ်။သူ့ငါးပေါင်းလေးအပေါ်မှာဘိန်:စိ လေတွေဖြူးထားတယ်လေ
    ReplyDelete
  12. This comment has been removed by the author.
    ReplyDelete
  13. တီချမ်းရေ
    ရှမ်းပြည်ကငါးပေါင်းတမျိုးရဲ့ချက်နည်းကဂိုမေးချင်ပါတယ်။သူ့ငါးပေါင်းလေးအပေါ်မှာဘိန်:စိ လေတွေဖြူးထားတယ်လေ။။။.
    ReplyDelete