Friday, February 3, 2012

ဖက်ထုပ်ဆီချက် နဲ့ တီချမ်းရဲ့ မနက်စာ ညနေစာ ညလယ်စာ

တကယ်ပါ အဟုတ်။ ဒီတခါနောက်ဆုံး နောက်ကို ဘယ်တော့မှ ခေါက်ဆွဲ ဆီချက် ဖက်ထုပ် တွေနဲ့ မနှိပ်စက်တော့ဘူး ကတိ ကတိ ကတိ။ အဲ့လို စာကြောင်းကို စပြီးသကာလ ရေးမယ့် အကြောင်းအရာ က ဖက်ထုပ်ဆီချက်ပါတဲ့ အရပ်ကတို့ရေ...........မရေးခင် တီချမ်း ရဲ့တနေ့တာ ကိုကြည့်ရအောင်နော်။ သူငယ်ချင်းတယောက် အိမ်မှာ အလည်ရောက်နေတာနဲ့ ညညဆို တော်တော်နဲ့ မအိပ်၊ မနက်မနက် ဆို ရင်လဲ တော်တော်နဲ့ မထ နဲ့ တီချမ်း တယောက် ဒီတပတ်ထဲ ရုံးကို နောက်ကျမှ ရောက်ရောက်နေပါတယ်။ အခု တင်ပြမယ့် အကြောင်းအရာတွေက မနေ့က ဖြစ်ပျက်ခဲ့တာတွေပါ။ ထားတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေလို့ ဘယ်ဖြစ်မလဲနော်။ အေးချမ်း သာယာလှပတဲ့ တီချမ်းဘဝ ကို စာဘတ်သူ လူအများ မနာလို အူတို မုဒိတာ မပွားနိုင်ဖြစ်ကုန်ကြပေမပေါ့။ အမှန်က ဒီအပတ် တကယ့်ကို တနင်္လာနေ့ တရက်ပဲ သေချာ ရုံးတက်ရပါတယ်။ အင်္ဂါ ဗုဒ္ဓဟူးက ဖင်မှာ တုတ်စူးနေလို့အဲလေ နေမကောင်း ဖြစ်နေတာနဲ့ ဆစ်ခ်လစ်ဗ် ယူလိုက်ပါတယ်။ ဟော အခု ဘလောခ်ရေးနေတဲ့ ကြာသပတေးနေ့အကြောင်းကတော့ သူငယ်ချင်းရောက်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးကို နေ့လည်စာစာအပြီး အာဖတာ ၂ မှ သွားပါတယ်။ ညနေဘက်တော့ အားနာတာနဲ့ ၇ နာရီလောက်ထိနေပေးလိုက်တယ်။ ဂျန်နရပ်စ် ချက်နော်။ ဒီနေ့ သောကြာလဲ မနေ့ညက ရုပ်ရှင်ကြည့်တာ ညည့်နက်သွားလို့ နေ့လည်မှ လာပါတယ်။ အမှန်က မလာတော့မလို့ပဲ ၂ နာရီ အစည်းအဝေး တခုရှိနေလို့ မလာမဖြစ်လာရပါတယ်။ နောက်ပြီး အကြံတခုပေးအုံးမယ်။ တီ့ လို ကိုယ့်အစည်းအဝေး ကိုယ် ချိန်းချင်တဲ့ အချိန်ချိန်းနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ် ဆိုရင် အမြဲတမ်း ညနေပိုင်းကို ချိန်းပါ။ ဟိဟိ။

မနေ့က လူ ၃၀၀ လောက် ဝင်ပါတယ်။ ခါတိုင်း ၅၀၀ လောက်ဝင်နေကျက နောက်ပိုင်း ကိုယ်က သူတို့ဘလောခ် လိုက်မလည်တာနဲ့ပဲ မလာကြတော့တာရယ် ကိုယ်က ၂ လလောက် ဘာမှ မရေးပဲ ပျောက်သွားတာရယ် နဲ့အကုန် ပျောက်ကုန်ပါတယ်။ အဲ့တာကြောင့် ခုတလော တီချမ်း ဟင်းချက်တာတွေပဲ ဘာလို့တွန်းရေးနေတာလဲ ဆို လူပြန်ဆွယ်နေတယ် မှတ်ပါ။ မနေ့ကတော့ မနက်ကတည်းက မုန့်လုပ်စားတာနဲ့ တနေ့လုံးစာ တင်ဖို့ ရည်ရွယ်ပါတယ်။ ကဲ လာပြီ။





ဒါက ကိုယ့်မနက်စာပါ။ သူငယ်ချင်းလဲ ရှိနေတော့ သူ့လဲ တခုခုတော့ လုပ်ကျွေးရမယ်လေ ဆိုပြီး ပေါင်မုန့် ကို ကြက်ဥနဲ့ ကြော်ပါတယ်။ ပေါင်မုန့် လေးချပ်ကို ကြက်ဥ ၂ လုံးပါ။ ကြက်ဥ ကို ပန်းကန်ပြား စဉ်းငယ်ခန့်စောက်တာလေးမှာ ဆား စဉ်းငယ်ခန့် နဲ့ သကြား စဉ်းငယ်ခန့် ထက် စဉ်းငယ်ခန့်ပိုတာနဲ့ ခေါက်ပါ တယ်။ ပေါင်မုန့်ကို ဘေးက အခွံမပါတာမျိုးကို ရွေးဝယ်ပါတယ်။ ဘေးက အကာခွံ ကို ငယ်ငယ်ကတည်းကကို မကြိုက်လို့ပါ။ နောက်နေ့မှ ကြက်ဥ ဆန်းဒွတ်ရှ် လုပ်ကျွေးပါအုံးမယ်နော်။ ခုရေးနေရင်း သတိရသွားလို့။ ပေါင်မုန့်လေးတွေ ကို ကြက်ဥထဲနှစ် ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးကို နှစ်ပါနော်။ အကြာကြီး မနှစ်ထားပါနဲ့ ကြက်ဥကြောင့် ပေါင်မုန့်ပြဲပါမယ်။ ခဏလေး ထိတယ် ဆိုယုံ နှစ်လိုက်ပါ။ ပေါင်မုန့်က စုပ်တော့ အိုကေပါပဲ။ ပြီးရင် မကပ်တဲ့အိုးမှာ ဆီလေး စဉ်းငယ်ခန့် နဲ့ ကြော်ပါ။ ဟိုဘက်ဒီဘက် တခါ ထပ်လှန်ပါအုံးနော် မတူးအောင်ပါ။ ပြီးရင်တော့ ပုံမှာပြာထားတဲ့ အတိုင်း ပန်းကန်ထဲ ကို ကပ်ကြေးနဲ့ညှပ်ထည့် သကြားဖြူး ပြီးတော့ ပျားရည်လေး စဉ်းငယ်ခန့် (အမှန်ကတော့ များသွားပါတယ် ရတယ် ကိစ္စ မရှိဘူး အဆိပ်မှ မဟုတ်တာနော်) ဆမ်း ပြီးတော့ စားပေါ့။ တီ့ ညီ ဝမ်းကွဲတယောက်ဆို ပျားရည်ကော၊ နို့ဆီကော၊ နို့စိမ်းကော၊ သကြားကော ထည့်ပါတယ်။ ဟုတ်ကဲ့ ဝတုတ်လေးပါ။ ဘေးကတော့ ကြိုက်လို့အမြဲ မြန်မာပြည်ကနေ တကူးတက သူငယ်ချင်းတွေသည်ပေးမယ်ပြောတိုင်း မှာရတဲ့ ပရီးမီးယား ၂ ပလပ်စ် ၁ ပါ။ ၂ ထုပ်ကို ရေဆူဆူနဲ့ ထည့်။ နို့ စဉ်းငယ်ခန့်ထည့်ပါတယ်။ တနေ့လုံး ရုံးရောက်တာ ဘာမှ မစားပါဘူး။ အိမ်ကနေ ၁၂ နာရီ ခန့် က စားလာတဲ့ အဲ့တာနဲ့ပဲ တနေ့လုံးနေပါတယ်။ ခုတလော လူတွေက ပိန်သွားတယ် လှလာတယ် မျက်နှာလေးကို ဝင်းတက်လာတာပဲ ဘာညာ လာလာပြောနေကြလို့ အစာလျှော့စားပါတယ်။ တကယ်လဲ လှလာတယ် မယုံရင်လာကြည့်။





ဒါလေးကတော့ အိမ်ရောက်ရောက်ချင်း ချစ်မောင်က အမောပြေတိုက်တဲ့ OJ ပါ။ အဲ့တာလေး ကိုအမောပြေသောက်ပြီးတော့မှ မောင်ဘာစားမလဲ ဆိုတော့ သူကလဲ ညနေ မှ ထပါသတဲ့ အဲ့တာ နိုးတော့ ထမင်း ဝယ်စားထားပါတယ်တဲ့။ ဆိုတော့ ကိုယ်လဲ ထမင်းမစားချင် တာနဲ့ ကဲ ရှိတာ ဘာလဲ ရေခဲသေတ္တာ (သိပ်မသစ်တော့) ထဲမှာ မွှေတော့ ဖက်ထုပ်ရွက်တွေ ကျန်နေသေးတာ တွေ့ပါတယ်။ အဲ့တာနဲ့ လုပ်စားမယ်လေ ဆိုပြီ.........ဖက်ထုပ်ထုပ်ပါတယ်။ ဖက်ထုပ်သ အသားပြင်တာကိုတော့ တနေ့က ဖက်ထုပ်ပြုတ် လုပ်စားတုံးက တင်ပြီးသားနော်။ ဒီမှာ ကြည့်ပါ။ ဒေါ်ချစ်ကတောင် ပြောနေသေးတယ် စားလှချည်လား ဆိုပြီးတော့ အဲ့ဒီဖက်ထုပ်က တထုပ်ဝယ်ရင် အချပ် (ဖက်ထုပ်ရွက်) ၁၀၀ ပါပါတယ်။ အဲ့တော့ လုပ်လိုက် ပစ်ထားလိုက် စားလိုက်ပေါ့။





ဖက်ထုပ်တွေ ထုပ်ပြီးပြီဆိုရင် ရေနွေးတအိုးတည်လိုက်ပါ။ ဒီတခါတော့ ဂျုံခေါက်ဆွဲပါ ထည့်ပြုတ် ပါတယ်။ မောင်က အရောစားချင်တယ်ဆိုလို့ပါ။ ကိုယ်ကတော့ ဖက်ထုပ်ချည်းပဲ ကိုပိုကြိုက်တယ် သို့သော် ကိုယ့်အကြိုက် ကို နောက်မှ ထားရမယ်လေနော်။





ပြုတ်ပုံ အဆင့်ဆင့်ကို သေချာကြည့်ပါ။ ရေဆူလာရင် ဖက်ထုပ်နဲ့ ခေါက်ဆွဲထည့်လိုက်ပါ။ အဲ့တာဆို အပူထဲကို အအေးတွေ ထည့်လိုက်တဲ့ အတွက် ရုတ်တရက် ရေ က ပြန်အေးသွားတာနဲ့ ငြိမ်ကျသွားပါမယ်။ (ပုံ ၁) ကိုကြည့်ပါ။ ပြီးရင် ရေက တဖြည်းဖြည်း ပြန်ဆူလာမှာ ဖြစ်တဲ့ အတွက် တူကလေးနဲ့ ဖွဖွလေး မွှေပေးပါ။ (ပုံ ၂) အတိုင်းပေါ့နော်။ နောက်တခါ (ပုံ ၃) ထဲက အတိုင်း ရေတွေ ပြန်ပြီး ဆူလာပြီဆိုရင်တော့ ရပါပြီ။ ခေါက်ဆွဲကော ဖက်ထုပ်ကော ကျက်ပါပြီနော်။





အရေးကြီးတာပြောပါမယ်။ ဂျုံခေါက်ဆွဲ ကိုဆီချက် လုပ်မယ်ဆိုရင် ပြုတ်ပြီးတဲ့အချိန်မှာ အမြဲတမ်း ရေအေးနဲ့ တချက်လောက် ပြန်ဖျော် လိုက်ပါ။ အရမ်းပူနေရင် မွှေလို့ မကောင်းသလို ထွေးထွေးကြီးဖြစ်နေရင် စားမကောင်း ပါဘူး။ ပုံမှာ ပြထားတဲ့ အတိုင်း ရေအေး တဇလုံ ကိုအသင့်လုပ်ထားပြီး ပြုတ်အိုးထဲကနေ ဆယ်ပြီး ရေအေးထဲ ထည့်လိုက်ပါ။ ရေအေးထဲမှာလဲ အကြာကြီး မစိမ်ထားပါနဲ့နော်။ ပြီးရင် နယ်မယ့် ဇလုံထဲ ထည့်ပါ။ ကြိုပြင်ထားရမှာ က ကြက်သွန်ဖြူ ဆီချက် ဇွန်းကြီး တဇွန်း ခပ်များများသာ ကြည့်ထည့်လိုက်ပါ။ ငရုတ်သီး ဆီချက် (အစပ်ကြိုက် သူများ အတွက်သာ သီးသန့်) ဆား အချိုမှုန့် ပဲငံပြာရည်အကြည် စဉ်းငယ်ခန့်၊ ငရုတ်ကောင်းမှုန့်စာတာတွေ ထည့်ထားပါ။ အချဉ် ကြိုက်ရင် သံပရာသီး တခြမ်းလောက်လဲ ညစ်ထားနော်။ ပြီးရင် ရေအေးထဲက ပြန်ဆယ်ထား တဲ့ ခေါက်ဆွဲ ဖက်ထုပ် ကိုထည့်ပြီး တူ နဲ့ ဇွန်းနဲ့ ဖွဖွလေးမွှေပါ။ ဆိုင်တွေမှာ လုပ်တာ တွေ့ဖူးတယ် မှလား။





အဲ့တာဆို ပုံမှာ ပြထားတဲ့ အတိုင်း ဂျုံခေါက်ဆွဲ ဖက်ထုပ် အရော ဆီချက် ၂ ပွဲ ရပါပြီနော်။ နည်းတာ က ထမင်းစား ပြီးသား မောင့်အတွက် များတာက တနေ့လုံး ဘာမှ မစားရသေးတဲ့ ကိုယ့်အတွက်ပါ။





အအီပြေ ရောစားဖို့ က အိမ်လုပ် ကမ်ချီလေးပါ။ လုပ်နည်းကို ဒီမှာ ကြည့်နော်။ အောင်မြင်သွားတယ်။ စားရတာလဲ အဆင်ပြေတယ်။ ကောင်းလဲ ကောင်းတယ်။ လွယ်လဲလွယ်တယ်။ နောက် လုပ်အုံးမယ်။ ရှမ်းချဉ်လဲ လုပ်ထားသေးတယ်။ နောက်နေ့တွေခေါက်ဆွဲ စားရင် ရှမ်းချဉ်အလှည့်။ ကမ်ချီ က ကုန်တော့မယ်လေ။





ဒါကတော့ ထုံးစံအတိုင်း ညဘက်ကျတော့ ဗိုက်ပြန်ဆာတဲ့ ကိုယ်တို့လင်မယား အကျင့်အတိုင်း ထ လုပ်စားကြတာပါ။ ညနေက အန်ထွက်တော့ မတတ် စားထားတဲ့ ဖက်ထုပ်က ညဘက်ကျတော့ ဘာမှ မရှိတော့ပါဘူး။ ဗိုက်က ပြန်ဆာလာတာနဲ့ ရေခဲသေတ္တာ ထမွှေပြန်တော့ ဂေါ်ဖီထုပ် တပိုင်းရယ် ဗူးမှိုလေး တဝက်အကျန်ရယ် တွေ့တာနဲ့ ရောပြီးကြော်လိုက်ပါတယ်။ ဘာမှ မထည့်ဘူး ကြက်သွန်ဖြူ က ခွာရမှာ ပျင်းလို့ ခရုဆီက သိပ်မကြိုက်လို့ မထည့်ဘဲ ဆား အချိုမှုန့် နဲ့ပဲ ကြော်လိုက်ပါတယ်။ စားလို့ ကောင်းတယ်။ ရိုးရိုးလေး။





ဒါကတော့ ဟိုတနေ့ကတည်းက ချက်ထားတဲ့ အမဲသားပါ။ ခေါက်ဆွဲနဲ့ ဆီချက် လုပ်စားလို့လဲရသလို ထမင်းနဲ့ စားလဲ ကောင်းပါတယ်။ ဒီမှာ ကြည့်လိုက်နော်။ အမဲသားချက်နည်းကတော့ ဒီမှာပါ။ နောက်ဆုံးက ဗူး ကတော့ ဒီဇင်ဘာလက ရန်ကုန်ပြန်တုံးက ယောက္ခမ လုပ်ပေးလိုက်တဲ့ ငပိကြော်ပါ။ ကောင်းတယ် ကြက်သွန်ဖြူ ကွင်းကြီးတွေနဲ့။ စပ်စပ်ကလေး။ ထမင်းဖြူ ပူပူကို အဲ့လို ငပိကြော် အခြောက်အခြမ်းတွေနဲ့ စားရတာ ကြိုက်ပါတယ်။ ကဲကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။ .........၄ နာရီ ၅၅ မိနစ် ရှိနေပြီရုံးဆင်းတော့မယ်။

A Chen
4:56 PM
3rd Feb 2012
Friday
Bangkok

10 comments:

  1. အဲတော. ရုံးကနေပို.စ်တင်နေတာပါလား တီချမ်းရေ ဟင်းချက်နည်းသာ များများတင်ပါ အမြဲလာပါတယ်

    ReplyDelete
  2. မနာလိုလိုက်တာ ရုံးသွားရတဲ့ရက်ကလည်း ကြည့်ဦး။ အစားအသောက်ကတော့ နေ့တိုင်းပို့စ်တင်လဲ မရိုးဘူး။ ဖတ်လို့ပိုကောင်းတယ်။ ရီလည်းရီတယ်။

    ReplyDelete
  3. တီချမ်း........
    စားချင်တယ်အေ။ ဖက်ထုပ်ကြိုက်တယ်အေ့း)
    ခေါက်ဆွဲအစိမ်းတော့ မစားဘူးသေးဘူးးး။ အရောင်ကိုက အူယားလို့ ခွိး)))

    ReplyDelete
  4. I always come and read T Chan. I like the way you cook and try myself one by one. :P

    ReplyDelete
  5. ဟုတ်ကဲ့ ရုံးကနေ အစည်းအဝေးပြီးတော့ တခြားမလုပ်ချင်တာနဲ့ပိုစ့်တင်နေတာပါ အနောရေ

    အီဗီ မနာလိုမရှိပါနဲ့ တချို့ လူတွေက ကံကိုကောင်းတာ ဟိဟိ လင်ရလဲကံကောင်း အလုပ်ရလဲကံကောင်း အော် စိတ်ကောင်းရှိတာကိုးလေနော် ခိခိ စတာနော်

    ဒေါ်ချစ် ကောင်းမှကောင်းပဲ ဟုတ်တယ် ခေါက်ဆွဲ အစိမ်က တမျိုးကြီးတော့ ဖြစ်နေတယ် ပြီးတော့ သူတို့ ခေါက်ဆွဲက အရမ်းမျှင်တော့ မြူစွမ်စားနေရသလိုပဲ

    မိန်းမစိမ်း ပေါ်လာသေးတယ်နော် ဘလောခ် လဲဆက်မရေးတော့ဘူးလား ကျုပ်က သတိရပါတယ် အရင်တုန်းက တီချမ်း သမီးလေးတွေ ဆိုပြီး ကဗျာ ရေးခဲ့တာ သတိရသေးတယ်

    ReplyDelete
  6. ကိုယ်က သူတို့ဘလောခ် လိုက်မလည်တာနဲ့ပဲ မလာကြတော့တာရယ် ကိုယ်က ၂ လလောက် ဘာမှ မရေးပဲ ပျောက်သွားတာရယ် နဲ့အကုန် ပျောက်ကုန်ပါတယ်။
    Oh! so bad. Like a mirror.
    I'll come to your blog whatever you do. ( when I used internet)

    BINO

    ReplyDelete
  7. thanks uncle BINO

    yeah people are so practical like mirror LOL
    BUT not u

    ReplyDelete
  8. aww tchan tchan
    der vae pyaw lite tawt mae.
    lin ya kan kg thu ma gyi ver ler kwe.:P

    ReplyDelete
  9. BTW
    youke kha ma ya lae kg der vel naw.

    ReplyDelete
  10. တီတီချမ်း၊ အမဲသားလုံးချက်နည်း ထပ်ဖြည့်ပြီးကြောင်း။

    ReplyDelete