Sunday, February 1, 2009

ဝိုးတ၀ါး အတ္တဆန်တဲ့ အချစ်



ဝိုးတ၀ါး အတ္တဆန်တဲ့ အချစ်

အပိုဒ်တစ်။ ။

အတိတ်ကအရိပ်တွေ ကိုယ့်ရဲ့မျက်စိရှေ့က
ဖြတ်ပြေးသွားတဲ့ တခဏ…..
ကိုယ်စဉ်းစားမိတာတစ်ခုက
အခုကစပြီး
‘‘ကိုယ့်ကိုယ်ကိုပဲ အရင်ချစ်တတ်အောင်ကြိုးစားတော့မယ်’’
ဒါမှသာ
‘‘ကိုယ့်ကို ဘယ်လို ‘‘ချစ်’’ ရမလဲဆိုတာ…..
မင်းပိုနားလည်လာမှာလေ’’…

အပိုဒ်နှစ်။ ။

ဟိုးတုံးကဆိုရင် မင်းပျော်ရွှင်ဖို့၊ လိုတရဖို့
အမြဲကြည့်ရှူဖြည့်ဆည်းပေးခဲ့တဲ့ ‘‘ကိုယ့်’’ ကို
‘‘ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခု’’ ကို
ရှိနေတယ်လို့တောင်မှ မင်းကထင်မှတ်နားလည်မှု
မရှိခဲ့ဘူး မဟုတ်လား…

အပိုဒ်သုံး။ ။

ဒီလိုနဲ့ပဲ ‘‘ကိုယ်’’ ဟာ
ဟိုးအရင်တုံးက ‘‘ကိုယ့် ပုံရိပ်’’ တွေအတိုင်း
‘‘ကိုယ့်ရဲ့’’ တုံးအမှု၊အထီးကျန်မှု၊စွန့်ပစ် ပစ်ပယ်ခံရမှုတွေနဲ့
မြို့တော်ကြီးထဲမှာကျန်ရစ်ခဲ့ပေါ့
‘‘ပျော်ရွှင်ခြင်း’’ တွေကလဲ
ကိုယ့်ကို ‘‘၀မ်းနည်းမှု’’တွေနဲ့ ချန်ရစ်ခွဲခွာ…

အပိုဒ်လေး။ ။

အခုတော့‘‘ကိုယ်’’ဟာ ကိုယ့်ကိုယ်ကို ပိုပြီးချစ်တတ်အောင်
အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ ရှိဖို့
ပိုပြီးလိုအပ်လာပြီဆိုတာနားလည်လာခဲ့ပြီ
(မင်းရဲ့ကျေးဇူးတွေပါပဲ)
ဒါမှသာမင်းက‘‘ကိုယ့်’’ကို ‘‘မချစ်တော့ဘူး’’
ဆိုပြီးထားခဲ့ရင်တောင်
အနည်းဆုံး (အနိမ့်ဆုံးအနေနဲ့)
‘‘ကိုယ့်’’မှာပြီးပြည့်စုံမှုတွေ၊
(မာနတွေ၊ သိက္ခာတွေ၊ အရှူံးတွေနဲ့အတူ)
ကျန်နေခဲ့မှာပေါ့
ပြီးတော့ ‘‘ကိုယ့်’’ကိုကိုယ်လဲပိုပြီး
နှစ်သိမ့်နိုင်မယ်လေ…

အဆုံးပိုဒ်။ ။

ဒီလိုအတွေးမျိုးတွေဟာ ‘‘ကိုယ့်’’ခေါင်းထဲမှာ
ဘယ်လောက်ကြာကြာခံမယ်ဆိုတာ
‘‘ကိုယ့်’’မသိပေမယ့်
အနည်းဆုံးတော့ ‘‘တခါက’’
ကိုယ်ဒီလိုတွေးခဲ့ဖူးတယ်ပေါ့…
ကိုယ်ထင်ပါတယ်
ဒီလိုအတွေးတွေဟာ
မင်းအတွက်ရော ကိုယ့်အတွက်ပါ
တွေးခဲ့ဖို့ကောင်းတဲ့အတွေးတွေပါလို့လေ………..

A Chen
For someone, once in my life
Written Date….. Not remember
Edited at 11:48pm
1st Feb 2009

1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete