ချစ်ရတဲ့ ‘မ’ ရေ…….
ခေါင်းလေးတောင်စောင်းငှဲ့မကြည့်ပဲ အားတင်းပြီး ‘မ’ ထွက်သွားတုံးက
အားလုံးတော့ အဆုံးသတ်ရတော့မယ်ဆိုတာ ကျွန်တော် သိထားခဲ့ပါတယ်
အခုဒီစာ ကိုရေးနေတဲ့ အချိန်ထိ ‘မ’ ကို ကျွန်တော် ချစ်နေသေးပေမယ့်
‘မ’ ရဲ့ ခံစားချက်တွေ ကိုငှဲ့ညှာ ရမယ်လေ မဟုတ်ဘူးလား?
သနားစရာကောင်းတာက ‘မ’ ချန်ထားခဲ့တဲ့ ‘ဘရောင်နီ’ ကြီးလေ
သူကတော့ ‘မ’ ရဲ့နှုတ်မဆက်တဲ့ ထွက်ခွာ ချန်ရစ်မှု ကို …... ဘယ်တော့မှနားလည်မှာမဟုတ်ပါဘူး
သူက အခုထိ အူကြောင်ကြောင်နဲ့ ‘မ’ ပြန်အလာကိုစောင့်နေတုံးပဲလေ
တခါတခါ ကောင်းကင်ကြီး ကိုမော့ကြည့် ပြီးတော့ အသိမဲ့ သလို အူတတ်သေးတယ်
ကြည့်ရတာ ‘မ’ များပြန်လာမလားလို့ ခေါ်နေ သလိုပါပဲ
ကျွန်တော် တို့ကြားက နားမလည်မှုတွေ၊ ရှုပ်ထွေးမှုတွေ၊
ကျွန်တော့် ရဲ့ အနေအထိုင်ပေါ့ဆမှုတွေ၊ ‘မ’ ရဲ့ သံသယတွေကို
ခွေးတစ်ကောင် နားလည်အောင် ကျွန်တော် ဘယ်လို ရှင်းပြ ရ ပါ့မလဲနော်
သူ့ရဲ့ အူလည်လည် ပုံစံ နဲ့ အပြစ်မဲ့ တဲ့ မျက်လုံး ၀ိုင်းဝိုင်းတွေ ကိုတွေ့ ရတိုင်း
ကျွန်တော့် စိတ်ထဲမှာနာလာတယ်
‘မ’ ကဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်
ဒါပေမယ့် သူနားလည်အောင်ဘယ်လိုပြောပြရမလဲဆိုတာတော့
ကျွန်တော်လဲမသိဘူး
ရက်စက်လွန်းပါတယ်၊ ရက်စက်လွန်းပါတယ်လေ။ ။
တခါက ကောင်လေး
၈ လပိုင်း၊ ၃၁ ရက်နေ့။ ။
Monday, February 2, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment