Monday, February 2, 2009

ရှေရီ (one night stand)

ရှေရီ (one night stand)

တစ်ညတည်းနဲ့ ချစ်ခဲ့တဲ့သူရယ်
သတိရခြင်းတွေ
ရင်ထဲလာထည့်သွားတယ်

အိပ်လို့မရတဲ့ညရယ်
တမ်းတခြင်းတွေနဲ့
ကိုယ်ကျပ်မွန်းတယ်

ဖုန်းခေါ်လို့မရတဲ့နေ့ရယ်
လွမ်းဆွတ်ခြင်းတွေနဲ့
ကိုယ်ရင်မောတယ်

မထင်မှတ်ဘဲအချစ်တွေပေးခဲ့သူရယ်
မင်းနဲ့နီးစေနိုင်ဖို့
ကိုယ်ဆုတောင်းတယ်။ ။

A Chen
01:32 am
9th January 2009

1 comment:

  1. ဒါလည်း တစ်မျိုးလေးပါလား

    ReplyDelete