Wednesday, February 18, 2009

အေဒရီယံ


အေဒရီယံ

ပြီးခဲ့တဲ့ နွေရာသီ က အေဒရီယံ အိမ်ပြန်လာတယ်
အရာရာတိုင်းကတော့ အရင်လိုမဟုတ်တော့ပါဘူး
လူတွေကပြောကြ၊ကြည့်ကြတယ်
အေဒရီယံလေးရေ
ကစားရအောင်ထွက်ခဲ့ပါလားကွယ်

မထင်မှတ်ထားတဲ့မတော်တဆမှုလေးတစ်ခု
ကနူးလှေလေးထဲမှာဖြစ်ခဲ့တယ်လေကွယ်
ဆရာဝန်ကပြောတယ်
“ကျွန်တော်တို့ဘာမှမတတ်နိုင်တော့ပါဘူး”
လေတွေကလဲငြိမ်လိုက်တာ
သူ့ရဲ့မျက်လုံးတွေကခတ်တောင်မခတ်တော့ဘူး
အေဒရီယံလေးရေ
ကစားရအောင်ထွက်ခဲ့ပါလားကွယ်

မေရီအက်ပါဆန်လေးကတော့
သူ့ကိုသဘောကျရှာပါတယ်
သူမက သူ့ကိုစောင့်ကြည့်ပေးဖို့အမြဲတာဝန်ယူလေ့ရှိတယ်
ဒါပေမယ့်သူကလှုပ်တောင်မလာခဲ့ပါဘူး
ဆရာဝန်ကပြောတယ်
“ဘာမှထူးမှာမဟုတ်ပါဘူး”
အေဒရီယံလေးရေ
ကစားရအောင်ထွက်ခဲ့ပါလားကွယ်

သူဘေးမှာထိုင်ပြီးတော့
လတွေ၊ နှစ်တွေ ပျံသန်းသွားတာ သူမစောင့်ကြည့်ဖြတ်သန်းခဲ့တယ်
သူ့ကြည့်ရတာ ယဲ့ယဲ့လေးရယ်
အားနဲပြီးပိန်နေသလိုပဲ
သူဘာလို့အခုထိအသက်ရှင်နေသေးတာလဲလို့သူမတွေးမိတယ်

မြို့ထဲကလူတွေမှာတော့
“သနားစရာလေးနော်” ဆိုတဲ့အကြည့်တွေကိုယ်စီနဲ့ပေါ့လေ
သူတို့တွေကလေသံကိုတီးတိုးကြားနိုင်ယုံနှိမ့်ပြီးတော့
“ငါသာဆိုရင် အသက်ရှုစက်ကိုပိတ်ပစ်လိုက်မှာပဲ”
လို့ပြောကြတယ်လေ

သူမကတော့ သူ့အနားမှာထိုင်နေတုံးပါပဲ
ပြီးတော့
“ဘ၀ရေ သူကတော့ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူး”
လို့ပြောနေတယ်
အေဒရီယံလေးရေ
ကစားရအောင်ထွက်ခဲ့ပါလားကွယ်

သူ့အခန်းလေးကိုတော့ အ၀ါရောင်ပန်းလေးတွေနဲ့အလှဆင်ထားလေရဲ့
သူ့တံခါးပေါ်မှာရေးထားတာက
“အိမ်ပြန်လာတာကိုကြိုဆိုပါတယ်” တဲ့
ဒါပေမယ့် သူကတော့
ထိုင်နေတယ်
ကြည့်နေတယ်
သူနိုးနေပါတယ်
ဒါပေမယ့် အသိစိတ်ကရှိမနေဘူး
အေဒရီယံလေးရေ
ကစားရအောင်ထွက်ခဲ့ပါလားကွယ်

မေရီအက်ပါဆန်လေးတောင် တဖြည်းဖြည်းကြီးလာပေါ့
သူမက အခုဆိုလှတပတ အပျိုမလေးတောင်ဖြစ်နေပြီ
သူ့ဆီကိုတော့ တနင်္ဂနွေနေ့တိုင်းအလည်လာတုံးပဲ
သူ့ကြည့်ရတာ ပျက်ဆီးနေတဲ့အရုပ်လိုပါပဲ
လက်အကြီးကြီးတွေရှိပေမယ့်
အတွေးတွေကတော့ကလေးလိုပဲလေ
အေဒရီယံလေးရေ
ကစားရအောင်ထွက်ခဲ့ပါလားကွယ်

ပြီးခဲ့တဲ့ နွေရာသီ က အေဒရီယံ အိမ်ပြန်လာတယ်
အရာရာတိုင်းကတော့ အရင်လိုမဟုတ်တော့ပါဘူးလေ။ ။

A Chen
11th Feb 2009
2:51 pm
Yangon

No comments:

Post a Comment