ငါ့ရဲ့ပိုက်ဆံတွေ
ငါ့ရဲ့ပိုက်ဆံတွေ
စုထားသမျှအားလုံး
ရုံးမှာကျန်ခဲ့တော့
ညနေအိမ်အပြန်
အနှိပ်ဝင်ခံတော့မှ
ကျန်ခဲ့တာသတိရ
ပေးစရာငွေမရှိ
ပြေးစရာမြေမရှိ
တွေးစရာဝေနေ၏
လူများခိုးသွားမလား
မီးများလောင်မလား
ပျောက်များသွားမလား
ပူလောင်လိုက်ရတာ
စိုးထိတ်လိုက်ရတာ
စိတ်ညစ်လိုက်ရတာ
စားလဲဒီစိတ်
ထိုင်လဲဒီစိတ်
ထနေလဲဒီစိတ်
မောဟရယ်
လောဘရယ်
ဒေါသရယ်
ငါရယ်
အိပ်မပျော်တဲ့ညရယ်
အတူတူထိုင်ပြီး
ဒီကဗျာကိုရေးကြတယ်
အဲဒါနင်ဖတ်ဖို့
အချိန်ကိုသာကြည့်ပေတော့…
A Chen
4:49am
21st Feb 2009
Home
Bkk
03072025
-
မြို့လေးတမြို့မှာရှိတဲ့ ရှီဝဘုရားကိုကိုးကွယ်ကြတဲ့ ဟိန္ဓူဘာသာဝင်တွေရဲ့
ဘုရားကျောင်းကို ရောက်ခဲ့တယ်။ ၄ရာစုနှစ်လောက်ကတည်းက တည်ထားတာဆိုတော့
ခုဆိုနှစ်ပေါင်း ...
21 hours ago
No comments:
Post a Comment