လောကငရဲသား
မကောင်းတာတွေလုပ်ရင်
မိုးကြိုးပစ်တတ်သတဲ့
အပြစ်တွေများလွန်းတဲ့
ငါ့မှာ
မိုးကြိုးသွားတွေတောင်
မဟာရံ တံတိုင်းကြီး တစ်ခုစာ
ရှိခဲ့ပေါ့။ ။
လိမ်တာတွေများလွန်းရင်
လျှာတောင်မီးမလောင်ဘူးဆိုပဲ
အမှုတွေများလွန်းတဲ့
ငါ့မှာ
ငါ့ရဲ့လျှာက စိန်ထက်တောင်
မာကျောမှုအဆင့် မြင့်မား
လှချည်ရဲ့။ ။
အကုသိုလ်ဆိုတာ
ဂျိုနဲ့လားလို့
မေးလေ့ရှိတဲ့ငါ့အတွက်…
ငရဲကြီးရင်
ငရဲလေးကိုနိုင်တာပေါ့လို့
ပြောလေ့ရှိတဲ့ငါ့အတွက်…
ငရဲပြည်မှာအသိတွေကို
နှုတ်ဆက်ရလွန်းလို့
လက်တွေတောင်ညောင်းလွန်းပေါ့လို့
ပြောလေ့ရှိတဲ့ငါ့အတွက်…
ဪ…
ငါသေရင်
ငါ့အတွက်
ငါ့အုတ်ဂူမှာ
အမဲရောင်ပန်းတွေတောင်
ပွင့်ပါ့မလားလို့
မေးကြည့်ချင်တယ်။ ။
A Chen
15th Feb 2009
Yangon.
03072025
-
မြို့လေးတမြို့မှာရှိတဲ့ ရှီဝဘုရားကိုကိုးကွယ်ကြတဲ့ ဟိန္ဓူဘာသာဝင်တွေရဲ့
ဘုရားကျောင်းကို ရောက်ခဲ့တယ်။ ၄ရာစုနှစ်လောက်ကတည်းက တည်ထားတာဆိုတော့
ခုဆိုနှစ်ပေါင်း ...
20 hours ago
No comments:
Post a Comment