Monday, February 2, 2009

ချစ်ရတဲ့ ဖွားဖွားရေ….

ချစ်ရတဲ့ ဖွားဖွားရေ….

ကျောင်းသွားတဲ့လမ်းပေါ်မှာ မီးမီး လွယ်အိတ်ကို မြောင်းထဲ ပစ်ထဲ့လိုက်တယ်
ပြီးတော့ ကျောင်းဘေးနားကနေကွေ့
ပြီးတော့ လျှို့ဝှက်လမ်းလေးအတိုင်းလျှောက်လာခဲ့တယ်လေ
၉ နာရီထိုးပြီ။ ။
မီး ပထမဆုံး အကြိမ် မြန်မာစာအတန်းကိုပြေးတာပေါ့၊ မနေ့ကလဲစာမှမကျက်ခဲ့တာ။
၁၀ နာရီထိုးပြီ။ ။
သင်္ချာချိန်လေ သင်လေချာလေ ဆိုတဲ့အတိုင်းပါဘဲ ဘယ်တုံးကမှ မ မှန်ခဲ့ဘူး
အလီမှ မရ ရင်လူလုပ်လို့မရတော့ဘူးလား?
၁၁ နာရီရှိပြီ။ ။
ဇီဝဗေဒ ကလဲဘာဖြစ်လို့ ဖားကိုမှ ခွဲခိုင်းရတာလဲမသိဘူး?

နေ့လယ်စာစားပြီးရင် တိတ်တိတ်ကလေးအိပ်ရမယ်တဲ့၊
ဗိုက်ဝနေရင် မီး ကမှမအိပ်တတ်တာ။
နှစ်နာရီ ကျရင် အနုပညာ ချိန်လေ မီးက တူရိယာတွေ တီးမှုတ်တာထက်
ကာတွန်းပဲဆွဲချင်တာ။
၃နာရီထိုးပြီ။ ။
အားကစားချိန်တဲ့ တကယ့်ကိုပဲကောင်လေးတွေနဲ့ ဆော့ရတာကိုစိတ်ပျက်မိပါတယ်
မီးက သစ်ပင်ရိပ်အောက်မှာပဲ အေးအေးလူလူ အိပ်မက်မက်နေချင်တာ။
၎နာရီထိုးပြီ။ ။
ဒီနေ့မှပဲ အိမ်သာသန့်ရှင်းရေးလုပ်စရာမလိုတော့ဘူး။ ကောင်းလိုက်တာ။
သန့်ရှင်းရေးလုပ်တိုင်း စကပ်ကိုရေတွေစိုတာ အမုန်းဆုံးပဲ။ ရွံစရာကောင်းလိုက်တာဆိုတာ။
၅နာရီထိုးပြီ။ ။
ဘယ်သူမှမရှိတဲ့ အိမ်ကိုပြန်ရတော့မယ်။ ဘယ်သူကမှလဲ
ဒီတနေ့စာ စာတွေမသင်လိုက်ရလို့ စိတ်ပူမယ်မထင်ပါဘူး။

မီးကစာတော့နဲနဲ ညံ့ပါတယ်။ ဒါပေမယ့် မီးမှာ စိတ်ကောင်းလေးတစ်ခုရှိတယ်လေ။
ဒါပေမယ့် ဆရာမကတော့ လိမ္မာတဲ့ကလေးဆိုတာ ဖြူစင်တဲ့စိတ်ရှိ ယုံနဲ့ မလုံလောက်ဘူးတဲ့။
မီး ၀မ်းနည်းလိုက်တာ။
ဖွားဖွားရေ မီးတကယ်ကို ၀မ်းနည်းတယ်သိလား။ ။

မြေးမလေး မီးမီး
၁ လပိုင်း၊ ၁၄ ရက်နေ့။

2 comments:

  1. မီးမီးက နင်လား?
    အဲဒီအရွယ်ကလေးက ခံစားချက်တွေကို ရေးပါလား။

    ReplyDelete
  2. အလီမှ မရ ရင်လူလုပ်လို့မရတော့ဘူးလား?
    ဆိုတာက မီးမီးအတွေးမဟုတ်တော့ဘူး.. ရေးသူရဲ့ မေးခွန်းဖြစ်သွားပြီလားလို့..

    ReplyDelete