Monday, February 2, 2009

ချစ်ရတဲ့ ၀က်ကလေးရေ…

ချစ်ရတဲ့ ၀က်ကလေးရေ…

ခဏနေရင် ငါတို့ ပျော်ပွဲစားထွက်ကြမလား? ဒါမှမဟုတ်ရေသွားကူးကြမလား?
ပန်းကလေးတွေကိုခူးတဲ့အခါကျရင် သူတို့တွေနာကျင်ကြမှာလားဟင်?

မေမေ့ရဲ့မွေးနေ့မှာ ဘာလက်ဆောင်ပေးရရင်ကောင်းမလဲ?
ဦးဦးယုန် ကိုတော့အကူအညီတောင်းအုံးမှပါဘဲ
မေမေက ပန်းပွင့်ချပ်တွေနဲ့ မတည့်တာရှိတယ်လေ
လေကလေးကကောင်းလိုက်တာ၊ သာသာယာယာရှိလိုက်တာနော်
ဟိုးအမြင့်ကြီးမှာရှိတဲ့ ပန်းကလေးတွေကိုခူးဖို့ ဆင်ကလေး တို့ကိုလာကူတဲ့အခါ
သူ့ကိုပန်းသီးတစ်လုံးကျွေးရမယ် ၊ ဒါမှ မဟုတ်နှစ်လုံးပေါ့

မနေ့ကလက်ဆောင်သေးသေးလေးတစ်ခုရတယ်
အထဲမှာ အသည်းပုံ ချောကလက်ကလေး သုံးတုံးပါတယ်လေ
ဟာဟ… ငါတစ်လုပ်ထဲနဲ့ အကုန်စားပစ်လိုက်တာပေါ့…ဘယ်ရမလဲ
ငါ့မှာ ပိုးကိုက်နေတဲ့ သွားလေးချောင်းရှိတယ်ဟ ၊
ဒါပေမယ့် ငါနေ့တိုင်းသွားတိုက်ပါတယ် ၊ ရေလဲနေ့တိုင်းမှန်မှန်ချိုးတာပဲ
ညညဆိုရင် မိုးမချုပ်ခင်အိမ် ပြန်ရမယ် ၊ မဟုတ်ရင်မေမေစိတ်ပူနေလိမ့်မယ်လေ

ပန်းကလေးတွေလိုပဲ ကြယ်ကလေးတွေ ကရောနေ့တိုင်းကြွေကျတတ်လားဟင်?
ဒါမှမဟုတ် တဖြေးဖြေး ညှိုးသွားတာလား?
မနက်ဖြန် ငါတို့ ဘာလုပ်ကြအုံးမလဲ၊ ငါတော့မတွေးတတ်သေးဘူး
နင့်သဘောကကောဘယ်လိုလဲ?
ကဲပါလေ၊ ငါတို့ဆုံနေကြနေရာမှပဲ အရင်ဆုံကြတာပေါ့…နော့်။ ။

ညီမငယ်လေး
၇ လပိုင်း၊ ၁၅ ရက်နေ့။

2 comments:

  1. ၀က်ကလေးဆိုလို့ YM ကို သတိရတယ်။
    အခုတော့ ငါ့ကို ဘယ်သူမှ သတိမရကြဘူးဆိုတာ သဘောပေါက်သွားလို့ စာရေးဖို့ ခက်နေတယ်။
    ရုံးမှာပဲ ငါ့မှာ တွယ်တာ စရာလူတွေက ရှိတာဟုတ်?

    ReplyDelete
  2. ရှင်လဲ အဲဒါတစ်ဒုက္ခပဲအစ်မရေ
    တွယ်တာတယ်ဆိုတာဘာလဲ
    လူတွေဟာခရီးသွားနေတာပါ
    တရားရှိစမ်းပါအစ်မရဲ့
    ခွိခွိခွိ

    ReplyDelete