ဟေ့ အောင်မျိုးကြီး . . .
နင့်ရဲ့ ကောင်းကင်ဘုံခရီးက စိတ်လှုပ်ရှားစရာကြီး။
နင့်အစားငါ ပျော်ပါတယ်ဟာ။
ဟုတ်တယ်ဟငါက ကောင်းကင်ဘုံတကယ်ရှိတယ်ဆိုတာကို လုံးဝမယုံဘူး။
ငါ့အတွက် ကောင်းကင်ဘုံက ငါ့စိတ်ကူးတွေပဲလေ . . .
တခါတလေ . . .
ကားစီးနေရင်းနဲ့ ငါကိုယ်ငါ ကားဘေးမှာ ပျံဝဲပြီး လိုက်နေတယ်။
တခါတလေ . . .
ရုပ်ရှင်ထဲက ဗီလိန်လူညစ်က ငါဖြစ်နေတယ်။
တခါတလေ . . .
လမ်းဘေးအမှိုက်ပုံကို ခွေးဝဲထူ တစ်ကောင်နဲ့ အပြိုင် အဆိုင် ရှာဖွေစစ်ဆေးသိမ်းဆည်းကြတယ်။
တခါတလေ . . .
ငါ့ရဲ့ အချစ်ဆုံးသူလေး ဘေးမှာ ထိုင်ပြီး ကဗျာတွေ တလှိမ့်ချင်း ရွတ်ပြနေလိုက်တယ်။
တခါတလေ . . .
စိတ်ဆင်းရဲစရာတွေကို စာလုံးပေါင်းပြီး ကဗျာယောင်ဆောင်ခိုင်းလိုက်တယ်။
နင်ကလည်း နင့်ဘုံကြီးမှာ ပျော်နေတုန်း
ငါကလည်း ငါ့စိတ်ကူးတွေနဲ့ လုံးလားထွေးလား . . .
အင်း . . . နင့်ရဲ့လျှို့ဝှက်လမ်းကို သိချင်တယ်
(နင်ပြောတဲ့ ကောင်းကင်ဘုံကြီးဆီကို ရောက်တယ်ဆိုရင်ပေါ့)
တခါတလေပါ။ ။
သတိရလျက်
ဂန္ဓ၀င်ဘုတ်ဆုံ
9 ဇန်န၀ါရီ 2009
Monday, February 2, 2009
Subscribe to:
Post Comments (Atom)
ငါ့သူငယ်ချင်းလေး သနားပါတယ်။
ReplyDeleteနင်တို့က တစ်ခါတစ်ခါ ကလေးပေါက်စနလေးတွေ ကျနေတာပဲ။
ချစ်ဖို့လဲ ကောင်းတယ်
ရယ်စရာလဲ ကောင်းတယ်
ငါလဲ နင့်ရဲ့ ကောင်းမြတ်တဲ့ အပိုင်းတွေကို မြင်ပါတယ်ဟာ။