Monday, February 2, 2009

‘‘E L ကိုလွမ်းတဲ့ည’’

to E L ( Nမျိုးအောင် သို့ )

၂၁ရက်။
ဒီဇင်ဘာလ ၂၀၀၇ ခုနှစ်။

ကပွဲခန်းမအလယ် မှာစတွေ့ခဲ့တာပေါ့
ထူးဆန်းတဲ့ တိုက်ဆိုင်မှုလေးတွေနဲ့လေ
N မျိုးအောင် နဲ့ အောင်မျိုး H
အိမ်အမှတ် (၁၄) နဲ့ (၄၁)
နောက်ထူးဆန်းတာတစ်ခုက
မင်းနဲ့ကိုယ့်ရဲ့ English နာမည်ကလဲအသံထွက်တူတယ်
စာလုံးပေါင်းပဲကွဲတယ်
ကိုယ့်အမေနဲ့ တနေ့တည်းမွေးတဲ့
သိလ်ရာသီဖွားမင်းက
ကိုယ်နဲ့တစ်နှစ်ထဲ ပါပဲ
Leo နဲ့ Scorpio ပေါ့
ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေနဲ့
ကိုယ့်ဘ၀ထဲဝင်လာတဲ့မင်း........

၃၀ ရက်။
ဒီဇင်ဘာလ ၂၀၀၇ ခုနှစ်။
၁၁း၂၅ ညချမ်းချိန်။

ဒီနေ့တနေ့လုံး
မင်းကိုပြင်းပြင်းပြပြသတိရနေမိတယ်
မင်းရဲ့ပြုံးချိုကြည်ရွှင်တဲ့
မျက်နှာချိုချိုလေးရယ်
စကားတွေအများကြီးပြောတတ်တဲ့
မျက်ဝန်းရီရီလေးတွေရယ်
မျက်လုံးထဲကမထွက်ဘူးအခုထိပဲ....

၃၁ ရက်။
ဒီဇင်ဘာလ ၂၀၀၇ ခုနှစ်။

ဒီနေ့မင်းမျက်နှာလေးကို
ကိုယ်အကြာကြီးစိုက်ကြည့်နေမိတယ်
နောက်ကိုဘယ်တော့မှ ထပ်မတွေ့ရတော့မှာ မို့လို့
အလွတ်ရအောင်ကြည့်နေသလိုမျိုးပေါ့
မင်းမျက်ခမ်းစပ်က ဒဏ်ရာ က
၆ နှစ်လောက်ရှိပြီတဲ့......

၁၇ ရက်။
ဇန်န၀ါရီလ ၂၀၀၈ ခုနှစ်။

တခါတုံးက စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်....
'' if you are headed in the "wrong" direction,
GOD allows U-turn" တဲ့
ကိုယ်ရောလမ်းမှား ပေါ်ရောက်နေတာလား
တကယ်လို့ ဒီလမ်းကမှားနေတယ်ဆိုရင်တောင်
ကိုယ် ပြန်မလှည့်ချင်ပါဘူး
လူဆိုတာ အပြစ်ကျုးလွန်ခြင်း မှာ
ပျော်မွေ့တတ်တဲ့
အပြစ်သားတွေချည်းပဲမဟုတ်လား.....
မင်းကိုချစ်မိတဲ့ ကိုယ့်အချစ်တွေဟာ
အမှားတွေဆိုရင်တောင်
‘‘ ဂ’’ ကွေ့မရှိတဲ့ အမှားတွေပါ....
ချစ်သူရယ်....

၁၁ ရက်။
ဖေဖေါ်ဝါရီလ ၂၀၀၈ ခုနှစ်။

ဒီနေ့မင်းကို အရမ်းသတိရလို့
ကဗျာတစ်ပုဒ်ရေးဖြစ်တယ်
ကဗျာနာမည်က

‘‘E L ကိုလွမ်းတဲ့ည’’

တကယ်လို့သာ
ဒီနေ့ညကောင်းကင်မှာ
လမင်းနဲ့ကြယ်ကလေးတွေကို
မင်းမတွေ့ရဘူးဆိုရင်
အဲဒါကိုယ် ခဏ ခိုးယူသွားလို့ပဲ

တကယ်လို့မနက်ဖြန်ညမှာ
ကောင်းကင် မှာ လမင်းနဲ့ကြယ်ကလေးတွေကို
မင်းပြန်တွေ့ရပြီဆိုရင်
အဲဒါ ကိုယ် ဆော့ရတာ ရိုးသွားလို့
ပျင်းစရာကောင်းတဲ့
ကောင်းကင်ကြီးဆီကို
ပြန်ပေးလိုက်လို့ပဲ..................

A Chen
11th Feb 2008
Written time not remember
Edited at 12:21 am
2nd Feb 2009

No comments:

Post a Comment