ချစ်ရတဲ့ ကလိုကလူ လေးရေ
မနေ့က ငါပြတင်းပေါက်အပြင်ကိုထွက်ပြီး၊့ ၁၇ ထပ်အမြင့်
ပြတင်းပေါက်ဘောင်ပေါ်ကနေပြီးတော့ နေ၀င်တာကိုစောင့်ကြည့်နေခဲ့တယ်
သီချင်းတွေလဲ အကျယ်ကြီးအော်ဆိုပြီးတော့လေ
တစ်ပုဒ်ပြီးတော့ နောက် တစ်ပုဒ်……ပျော်လိုက်တာဟာ
သာယာလှပတဲ့ အနာဂတ်နဲ့
လောကကြီးတစ်ခုလုံးကိုငါပိုင်နေသလိုပဲ
ဒါပေမယ့် ငါအိမ်ထဲပြန်ဝင်လိုက်တာနဲ့ ပိုပြီးထူထပ်သိပ်သည်း တဲ့
အထီးကျန်မှု ကိုခံစားလိုက်ရတယ်
အဲဒီတော့ တခါပြတင်းပြင်ကိုထပ်ထွက်ပြီးတော့ မှုန်တုန်တုန်ကြယ်တွေ ကိုကြည့်ပြီး
သီချင်းတွေ ထပ် တခါအော်ဆိုတာပေါ့ဟာ
ဆိုရင်းနဲ့ အာခေါင်တွေ ခြောက်ကပ်လို့ လျှာတောင် ကွဲတော့မယ် မရပ်ချင်သေးဘူးလေ
မိုးအလင်းဆိုပစ်ချင်သေးတာ။
မောလှပြီ။ ။
ပြတင်းဘောင်ပေါ်မှာ ထိုင်ချလိုက်ပြီး
မြို့တော်ကြီးရဲ့ မီးရောင်တွေကိုတခါငေးမိပြန်တယ် စိတ်ထဲမှာနဲနဲ နွေးလာသလိုပဲလေ
မြို့တော်ကြီးထဲမှာတော့ ‘‘အထီးကျန်သူ’’ ဟာ ငါတစ်ယောက်ထဲ ဟုတ်မှာမဟုတ်ပါဘူးနော်
အနည်းဆုံး ငါ့လို အထီးကျန်နေတဲ့ ငကြောင်နောက်တစ်ကောင်တော့ ရှိရမယ်
ဟောင်းလောင်းကြီးခံစားရတဲ့အခါ ကောင်းကင်ကြီးကိုကြည့်ပြီးတော့ သီချင်းတွေအော်ဆို..
မိုးလင်းတဲ့ အထိပေါ့
အင်း ဒီ မြို့တော် ကြီးထဲ မှာ သူ နဲ့ ငါဘယ်တော့မှ ဆုံမှာတော့ မဟုတ်ပါဘူး
ဒါပေမယ့် သူ့ကိုငါ ရင်းနှီးနေသလိုခံစားရတယ်
မိုးလင်းပြီဟ………..
သွားအိပ်တော့မယ်ဟာ………….နော်။ ။
ခိုကလေး
၎ လပိုင်း ၁၇ ရက်နေ့။ ။
အရုဏ် ၅နာရီ။
Monday, February 2, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment