Monday, February 2, 2009

ချစ်ရတဲ့ ပိုးကောင်လေးရေ

ချစ်ရတဲ့ ပိုးကောင်လေးရေ

ဒီနေ့ မနက်စောစော အိမ်နောက်ဘေး လမ်းကြားလေးထဲမှာ လမ်းလျှောက်နေတုံးက
လျှို့ဝှက်ဥယျာဉ်လေးတစ်ခုထဲ မတော်တဆ မျက်စိလည်ပြီး ရောက်သွားတယ်ဟ
အဲဒီမှာ လူစကားပြောတတ်တဲ့ ခိုဖြူလေးတစ်ကောင် နဲ့ တွေ့တယ်
သူက ပြောတယ် …..
နွေဦးရဲ့ ဥယျာဉ်က အရမ်းသာယာ လှပ ပြီးတော့….
နွေ ရာသီရဲ့ ဥယျာဉ် ကျတော့ အရမ်းစည်ကား သိုက်မြိုက်တယ်တဲ့၊
ဆောင်းဦးရဲ့ ဥယျာဉ် ကျတော့ အရမ်းကြည်နူးဖို့ကောင်းပြီးတော့……….
ဆောင်း ဥတု ရဲ့ ဥယျာဉ် ကျပြန်တော့ အရမ်းဆိတ်ငြိမ် ပါသတဲ့။
ဒီနေ့ရဲ့ ငါကတော့ အရမ်းကိုလှနေတာ ပေါ့ဟာ…

ဥယျာဉ် သေးသေးလေးရဲ့ အငွေ့အသက် က
လူ့စိတ်ကို တကယ် ကြည်ရွှင်စေတာပဲဟ ပန်းတွေကလဲ သိပ်မွှေး သိပ်လှ
ခိုဖြူလေး က ဥယျာဉ် လေးထဲမှာ အားရ၀မ်းသာ လျှောက်ပြီးတော့ ငါ့ ကို
ထူးထွေဆန်းလာ ပန်းပန်းချုံချုံတွေ ပြပေး၊မိတ်ဆက် ပေးနေတာပေါ့ဟာ

ဒါပေမယ့် ငါကတော့နင့် ကိုပဲသတိတွေရနေတာပါ၊ နင်ကအမြဲတမ်း
ကိုယ်ပိုင် ဥယျာဉ် လေး တစ်ခု လိုချင်ခဲ့တာမဟုတ်လား?
အဲဒီ အခိုက်အတန့်လေးမှာ နင့်ကိုအဲဒီ ဥယျာဉ် လေးထဲမှာ၊
ငါ့ရဲ့နဘေးမှာရှိစေချင်လိုက်တာဟယ်

ဥယျာဉ် လေးကနေပြန်ဖို့ ခိုဖြူလေးကိုနှုတ်ဆက်တော့ သူက
ခဏခဏလာလည်နော်တဲ့
ငါလည်းပြုံးပြုံးလေးနဲ့ နောက်တခါကျရင်တော့ သူငယ်ချင်းပါခေါ်လာမယ်နော် ဆိုတော့
သူက တကူ ကူ့ ကူးနဲ့ ကောင်းတာပေါ့တဲ့

ကဲ နင်ကရော လိုက်ချင်ရဲ့လားဟင်?

ခူကောင်လေး
၅ လပိုင်း၊ ၁၀ ရက်နေ့။ ။

စာကြွင်း။ ။
အဲ နောက်တစ် ခါသွား ရင် ဥယျာဉ် လေး ကိုပြန်တွေ့ပါ့မယ်လို့တော့
အာမ မခံ နိုင်ဘူးနော်။

No comments:

Post a Comment