Sunday, February 1, 2009

လွမ်းစာ

လွမ်းစာ

ဝေးတမြေ ရောက်နေတာကြာပြီမို့
တမ်းမိတယ်ငါ့ ပြည်တိုင်းကို
လွမ်းတောက်တဲ့နွေ။ ။

ပျို့မောင်ရေ သာစေလို့မာကြောင်း
ဘုရားမှာဆုတွေတောင်းရတယ်
နွမ်းလှပေါ့ မေ။ ။

ဒီတခါပြန်မယ်လို့ စိတ်ကူး
တိတ်ထူးတွေ တကာတကာနဲ့
ပျင်းခြောက်ရက်ရှည်။ ။

နောက်တခါ မယ်ပြန်လာခဲ့ရင်
ဆုံနေကြ ရေကန်လေးမှာ
ပန်းကောက်ခဲ့လေ။ ။

မေ့အကြိုက် ပန်ဆင်ဖို့ ခရေကုံး
သီဖို့အပင် မောင်တို့အိမ် ကသင်းဘေးမှာ
ပျိုးခဲ့ကြပေ။ ။

သင့်ပြီချိန် ၀င်ရင်ပေါ့ ဒီဆောင်း
ခရေတွေလှိုင်လှိုင် ပွင့်နေပေါ့
နှင်းတောက်ခနေ။ ။

မယ်နဲ့မောင် ဒီတခါတွေ့ရင်တော့
လွမ်းတာတွေ မြူကာချွဲပါ့မယ်
အားခဲလို့နေ။ ။

ပြည့်ပါစေ မြန်မြန်ဆုတွေတောင်း
နောင်အခါ သေတောင်မခွဲပါဘု
တောင်းဆုကချွေ။ ။

A chen
08:49 am
30th Jan 2009

2 comments:

  1. ဟဲ့ ဒီကဗျာလေးကို ဝေးနေတဲ့သူ တစ်ယောက်အနေနဲ့ မဟုတ်ပဲနဲ့ ဆိုရင် ပိုမိုက်မယ်လို့ ထင်တယ်

    ReplyDelete
  2. ကျေးဇူးဘဲဗျာ ဖတ်ခွင့်ရတဲ့အတွက်

    ReplyDelete