Sunday, February 1, 2009

နင် နဲ့ ငါ၊ တို့ နှစ်ယောက် ပေါင်းပြီးတော့ ‘‘ ဒါ ’’

Me and you, and we DULL

BS
Dull, who came from a very far
Blur is the color she wears
swearing the world is not fair

AC
Dull, who arrived to the place call နာ
seeing the people who are ARR အာ
making my world to be blah blah blah...

စကားချီး

သူငယ်ချင်းတစ်ယောက်နဲ့ပေါင်းပြီးရေးထားတာပါ
သူလဲကိုယ့်လို ကဗျာရူး စာရူးပါပဲ
တူတူရူးကြတာပါ
အစတုံးကရေးဖို့မရည်ရွယ်ထားပါဘူး
ပျော်ဖို့ကောင်းပါတယ်
ပျော်ဖို့ကောင်းပါတယ်………..
အပေါ်ကဟာလေးက အကြမ်းပါ
အင်္ဂလိပ်လိုရေးပြီးမှမြန်မာလိုဆိုပိုကောင်းမယ်ထင်တာကြောင့်


နင် နဲ့ ငါ၊ တို့ နှစ်ယောက် ပေါင်းပြီးတော့ ‘‘ ဒါ ’’

(ဒါ) ဟိုးအဝေးကလာနေတာ
သူမ၀တ်ထားတာက (ဘလာ)
ကျိန်စာရွတ်နေပုံက (ပုံမလာ)

(ဒါ) ရောက်လာခဲ့တဲ့ မြို့က (နာ)
တွေ့နေရတဲ့ လူတွေက (အာ)
ငါ့ရဲ့ကမ္ဘာကြီးက အခုတော့ (ပလာ ပလာ ပလာ)

စေတနာကို လူစားထိုးလို့ . . .အမှားတွေ တိမ်းစောင်းခဲ့ (အခါခါ)
အယူတွေ မိန်းမူးလို့ . . .တရှူရှူထွက်ရတဲ့ ဒေါသ (မသာမယာ)
ပိန်တလှည့် လိန်တလှည့် ကံကြမ္မာမှာ
နင်မသာ ငါမကျော်လို့ သေစမ်းဟဲ့ (မကြာမကြာ)

(ဒါ) အိမ်ကထွက်လာတော့ အမေက (မှာ)
ပြန်သာလာခဲ့တယ်ဘာမှ (ပါမလာ)
ငါ့ရဲ့ ကြမ္မာကအခုတလောသိပ်တော့ (မမာ)

(ဒါ) နင် ကနင်ဖြစ်ပြီးတော့ ငါ ကငါ ဖြစ်နေတဲ့ (ကမ္ဘာမှာ)
ထမ်းထားတဲ့ဝန်တွေကြောင့် ပခုံးတွေက (နာတာ)
သီချင်း တစ်ပုဒ်လောက်တော့ ဆိုပါရစေ
လှမ်းလိုက်စမ်း ငါ့ရဲ့ (ဘာဂျာ)

(ဒါ) နင်မရှိတော့တဲ့ဘ၀ က (ဟာတာ)
သင်္ချိုင်းမှာချလိုက်တော့ ငါ့ (အတ္တခန္ဓာ)
အဆုံးသတ်လိုက်တော့ ဘ၀က (မာယာ)

လာလာပို့ခဲ့ဖူးတဲ့ (မသာ)
မကြာပါ ငါ့ကိုခေါ်ပါလိမ့်မယ် (ဒကာ)
သေမှာကို ကုသိုလ်နဲ့ဖုံး (နာနာ)
ကံမကုန်ခင် ပြန်ဆုံရပါစေရဲ့ ချစ်တဲ့ (ငါ)

BS and A Chen
7:26 pm
10th January 2009

Yangon/Bangkok (online)

4 comments:

  1. တော်သေးတာပေါ့။
    ငါ့ဆီကို လှမ်းပို့လိုက်ဖို့ တိုင်ပင်ကြတဲ့ အပိုင်း မပါလို့ :P.

    ReplyDelete
  2. you guys make my world so lively !

    ReplyDelete
  3.့ hip-hop လိုလို rapping ရွတ်နေသလိုလို.. လိုလို လိုလို..

    ReplyDelete
  4. ကဗျာရွတ်တာပါကွယ်
    ရပ်ပင်မဟုတ်ပါဘူး ဟိဟိ
    ကိုတာရာကြီးလိုပေါ့
    မြို့တော်ထဲလျောက်သွားပြီးကဗျာတွေရွတ်လိုက်တယ် ငါကွ

    ReplyDelete