Monday, February 2, 2009

ချစ်ရတဲ့ ကောင်လေးရေ……

ချစ်ရတဲ့ ……..ကောင်လေးရေ……………..

နင်ကလူကောင်းလေး ပါ။ ငါကလဲ လူကောင်းမလေး ပါပဲ။
ဒါပေမယ့် ကိစ္စက ဘာလို့ ဒီလောက်အထိဖြစ်ကုန်ရတာလဲ?
ငါတို့ လမ်းခွဲရတော့မယ် ဟုတ်လား?
အရင် တုံးက တို့နှစ်ယောက်က အရမ်း အရမ်း၊ အရမ်း အရမ်း
အဆင်ပြေ ခဲ့ကြတာမဟုတ်လား?

အင်း တကယ်လို့ လမ်းခွဲကြတော့မယ်၊ မချစ်ကြတော့ဘူးဆိုရင်လဲ
ဘာလို့ အဲဒီ လမ်းခွဲမယ့်နေ့က ဓါတ်လှေကားထဲမှာ
တင်းတင်းကြီးဖက်ပြီးမျက်ရည်တွေကျနေရတာလဲ၊ လွတ်ထွက်သွားမှာစိုးတဲ့အတိုင်းပဲလေ

ငါ့ကိုယ်ငါ မရပ်မနားတမ်း မေးမိတယ်သိလား
ဘာမှ မတတ်နိုင်ကြတော့ဘူးလား လို့လေ
အရင်တုံးကလဲ တို့တွေ ရန်ဖြစ်ဖူးကြပါတယ်၊ စိတ်တွေလဲကောက်ဖူးကြတာပဲ၊
စစ်အေးတိုက်ပွဲတွေလဲ ဆင်နွဲခဲ့ကြတယ်
ဒါပေမယ့် တစ်ခါမှ တစ်ယောက် ကိုတစ်ယောက်
လမ်းခွဲကြဖို့အထိတော့ မစဉ်းစားခဲ့ကြဖူးလေ

ဘာဖြစ်လို့ဒီတစ်ခေါက် ဒီလောက်ပြတ်သားသွားကြတာလဲ?
တို့တွေဟာ တစ်ယောက်ကတစ်ယောက်ရဲ့ အဖိုးမဖြတ်နိုင်တဲ့
‘‘ရတနာ’’တွေလို့ မှတ်ယူထားခဲ့ကြတာမဟုတ်လား
ဘာဖြစ်လို့ ရုတ်တရက် အမှိုက်တွေဖြစ်ကုန်ကြတာလဲ?
ကဲပြတ်ကြတော့ မယ်ဆိုပြန်တော့ရော ဘာလို့ ရပ်လို့မရအောင်ငိုနေကြတာလဲ
မောပြီ……………….မုန်းပြီ……………… တော်ပါပြီဟာ……………..

ငါတို့နှစ်ယောက် ဓါတ်လှေကားထဲမှာ တင်းတင်းကြီးဖက်ပြီးတော့ ငိုနေလိုက်ကြတာ
ဘယ်သူကမှ ဘယ်သူ့ကို အရင်‘ထား’ မသွားချင်ဘူးလေ
လမ်းခွဲ မယ့် ဓါတ်လှေကားလေးက ဖွင့်လိုက်ပိတ်လိုက် ၊
တက်လိုက်ဆင်းလိုက် ၊ သွားလိုက်ရပ်လိုက် နဲ့
အရူးနှစ်ယောက်လို တင်းတင်းကြီးဖက်ပြီးငိုနေတဲ့ တို့နှစ်ယောက်ကိုကြည့်ပြီးတော့
ဘယ်သူမှလဲ ၀င်မလာရဲကြဘူးလေ
………………………….

အသည်းကွဲနေတဲ့ ကောင်မလေး
၁ လပိုင်း၊ ၁၅ ရက်နေ့။ ။

1 comment: