Tuesday, February 24, 2009

ညရဲ့ အသုဘ…


ညရဲ့ အသုဘ…

တိမ်တွေလဲမွဲလို့
ကောင်းကင်ကပြို
ကြယ်တွေတောင်အလုပ်မဆင်းတော့
လမင်းကတစ်ကိုယ်တည်း။ ။

မြို့ပြရဲ့အလင်း
စက်ရပ်တဲ့သတင်း
ကြေငြာတာက
ဒီနေ့မီးပျက်ရက်။ ။

ဗမိုး ၊ ငတက်ပြား
ထွက်လာပြီလား
အောင်နက်၊ ဘရောင်နီ
အာရုံတွေလွှတ်ထား။ ။

သံချောင်းခေါက်သံလား
ဘယ်သူ့ဟောက်သံကြား
လှူလိုက်ရတာက
အိပ်မက်ညတွေလား။ ။

A Chen
4:04pm
24th Feb 2009
Home
Bkk

2 comments:

  1. ကိုယ်ရေးထားတာတွေကို ကိုယ့်ဖာသာကိုယ် ပြန်ဖတ်။
    ပြီးတော့ edit ပြန်လုပ်တာ ငါ့ရဲ့စာရေးနည်း။
    သူများ edit လုပ်ပေးတာထက် ပိုကောင်းတယ်။
    တစ်ခါတစ်လေ စရေးတာနဲ့ လုံးဝ မတူတဲ့ အသစ်တစ်ခု ဖြစ်သွားတယ်။
    ကိုယ်ရေးထားတာတွေကို မနှမြောရဘူး။
    ငါသုံးတဲ့ နည်းလမ်းတွေကို ငါပြောတာပါ။
    ကြိုက်မှ ယူပေါ့။
    ဒီမှာ ခဏရပ်မယ်။
    နောက်မှ ဆက်ဖတ်မယ်နော်။
    နေမကောင်းချင်ဘူး။

    ReplyDelete
  2. အင်းကျေးဇူး
    မမပြောတာအခုမှဖတ်မိတာ
    ဒါပေမယ့်
    ခုလေးတင် တင်လိုက်တဲ့ကဗျာလေး
    ကဗျာနာမည်က“၃”ဆိုတာလေးက
    အဲလိုလုပ်မိသလိုဖြစ်သွားတယ်
    ရေးရင်း မူလ ရည်ရွယ်တာကိုလွဲပြီး
    အသစ်တစ်ပုဒ်လိုဖြစ်သွားတာ
    အဲလိုပြောချင်တာမဟုတ်လားဟင်?

    ReplyDelete