ကျွန်တော်လူညစ်
(သို့)
အဇ္ဈတ္တ ကိုဖွင့်ချခြင်း
ကစားပွဲမှာ ကြက်တောင်ကို
ခတ်ပြင်းပြင်းရိုက်မလိုလုပ်ပြီးမှ
တေ့ယုံ တော့လိုက်တာ
ကလေးဘ၀တုံးက နှစ်ကူးမှာ
မောင်နှမအချင်းချင်း၂၁ ဖဲဆော့ရင်
ကိုယ့်ဖဲကို အသက်ပြည့်ယုံ လျှိတတ်တာ
သူငယ်ချင်းချင်း ဘာမဟုတ်လေးကိုတောင်
သာချင်စိတ် နိုင်ချင်စိတ်နဲ့
တစ်ကွက်ချန်ပြီး ညစ်တတ်တာ
တခါတလေ မုန့်ဝယ်စားတုံး
ဆိုင်ရှင်က အတွက်မှား လို့
မှားပြီးငွေပို အမ်းမိ ရင်ပြန်မပေးတတ်တာ
၉တန်း ၁၀တန်း တုံးက
ကျူရှင်မှာ ဆရာစာမေးတဲ့နေ့ဆို
သူများခိုးကူးမှာစိုးလို့ စာကိုအုပ်ပြီးဖြေတတ်တာ
ပြေးခုန်ပစ် ကျောင်းပေါင်းစုံ
အားကစားပြိုင်တုံးက ဒိုင်လူကြီးမသိအောင်
ပြေးပွဲမှာစည်းတစ်လှမ်းခိုးခဲ့တာ
ဘာမှမဟုတ်ပါဘူး
ဘာမှမဟုတ်ပါဘူး
ဘာမှမဟုတ်ပါဘူး
ဒီစာကြောင်းလေးတွေကိုတောင်
ကော်ပီ ပေစ့် လုပ်လို့ရရဲ့သားနဲ့
၃ ခါတိတိ ရိုက်လိုက်တယ်
ငါကွ မှတ်ထားဆိုပြီးတော့
အဲဒါပါပဲ
ကျွန်တော်ပြောချင်တာ
(လူဆိုတာ)
ခင်ဗျားသဘောပေါက်ရဲ့လား?
A Chen
2:28pm
26th Feb 2009
Office
Bkk
A trip to....10June
-
ကျောင်းပိတ်ရက်လေးရတုန်း ခရီးလေးတခု ထွက်ဖြစ်တယ်...။
စိတ်တခုလုံး တင်းတောင့်နေတာတွေ ခဏဖြစ်ဖြစ် ပြေလျော့နိူင်မလားတွေးရင်းပေါ့...။
ဒီခရီးမှာ အတတ်နိူင်ဆုံးပေါ...
16 hours ago
အင်း ... how dark is your grey area ပါပဲ။ ဟုတ်?
ReplyDeleteီWhat do you think of my 'grey"?
How dark is it?
ဖယောင်းတိုင်ထွန်းလေ မမရယ်
ReplyDeleteမီးလုံးမလဲချင်သေးဘူးဆိုရင်ပြောပါတယ်
ဟီး
ဪ မမလို့ခေါ်တာကောကြိုက်ရဲ့လား
မဟုတ်ရင်
ကကက လို့ခေါ်မယ်လေ ဟိ