Monday, February 2, 2009

ချစ်ရတဲ့ မြင့်မြတ်ရေ…..

ချစ်ရတဲ့ သူငယ်ချင်း မြင့်မြတ်ရေ…..

ငါကလူတွေပြောပြောနေတဲ့ လောကကြီး ရဲ့အလှအပတွေ ကိုမယုံဘူးဟ
ချစ်ခြင်း ရဲ့အလှအပ၊ လူ့ဘ၀ ရဲ့အလှအပ၊ စိတ် ရဲ့အလှအပ၊
အရွယ်ရောက်ခြင်း ရဲ့အလှအပ၊ တိတ်ဆိတ်ငြိမ်သက်ခြင်း ရဲ့အလှအပ၊
စသဖြင့်၊ စသဖြင့် ပေါ့ဟာ

တခါတခါ ငါ့ ကိုယ်ငါ စဉ်းစားမိတယ် ငါဟာ စေတန် ရဲ့ ကိုယ်ပွားများလားလို့ပေါ့ဟာ
လောကကြီးရဲ့အရာရာဟာ ငါ့ အတွက်တော့ သံသယနဲ့ ကြည့်စရာတွေ ချည်းပဲဟ
ရှိရှိသမျှ အလှအပတွေ ကိုလဲ ငါကမယုံကြည်တော့လေ
တကယ်တော့ ငါကကောင်ဆိုးလေးမဟုတ်ပါဘူးဟ
ဆိုးတော့လဲဘာဖြစ်လဲဟာ
ကောင်ဆိုးလေးမှာလဲ စိတ်ကောင်းလေးတော့ရှိနိုင်တာပဲမဟုတ်လား
(တကယ်တော့ အဲဒါကိုလဲ ငါသိပ်တော့မယုံဘူးဟ ဟားဟားဟား)

တော်ပါပြီဟာ….
ငါ့ကို ကုစရာဆေးမရှိတော့တဲ့အဆိုးမြင်ဝါဒီတစ်ယောက်လို့ပဲ ထားလိုက်ပါတော့
ဒါပေမယ့် ဘာလို့ ဒီလောက်စိတ်ကောင်းရှိပြီးဖြူစင် တဲ့နင့်ဆီမှာ
ငါ့လိုစိတ်ပုတ် ပြီး အရာရာအဆိုးမြင်တတ်တဲ့
သူငယ်ချင်းတစ်ယောက်ရှိနေရတာလဲ လို့
နင်တခါမှ မစဉ်းစားမိဘူးလား
ဒါမှမဟုတ် ငါ့ရဲ့ဆိုးညစ်မှုတွေဟာ နင့်ရဲ့ ကောင်းမြတ်မှုတွေ ကိုကလန်ကဆန်လုပ်ဖို့
တို့နှစ်ယောက် ကိုမိုးနတ်မင်းကြီးက
သူငယ်ချင်းဖြစ်ပေးထားတာနေမှာပေါ့ဟာ နော်

ကြည့်……တွေ့လား……….ငါနင့်ကိုစိတ်ဆိုးအောင်ပြောမိနေပြန်ပြီ
ဒါပေမယ့် ငါသိပါတယ် နင်က ငါ့ရဲ့ စိတ်ကောင်းရှိတဲ့အခြမ်းကို
နင်မြင်ပါတယ်လို့ပြောအုံးမှာမဟုတ်လား
တခါတခါနင့်ရဲ့အကောင်းမြင်တတ်လွန်းမှုကို ငါသည်းမခံနိုင်ဘူးဟ
ဒါပေမယ့် နင် နဲ့သူငယ်ချင်းဖြစ်ရတာကိုတော့ ကျေနပ်ပါတယ်
ထူးပါ့…. ဆန်းပါ့… ထူးဆန်းပါ့…………..လောကကြီးရယ်

နင့်ရဲ့ သူငယ်ချင်း
အောင်မျိုး
၁ လပိုင်း ၊ ရ ရက်နေ့။

1 comment:

  1. ဟေး ..
    နင်ဒီမှာ ရေးနေတာ သူသိလား။
    ငါနဲ့ နောက်ဆုံး စကားပြောဖြစ်တော့ သူစိတ်ညစ်နေတယ်။
    ငါလဲ စိတ်ညစ်နေတော့ အားမပေးနိုင်ဘူး။

    ReplyDelete